ရုရှားနိုင်ငံသားများ ပိုမိုလာရောက်လည်ပတ်နိုင်ရေး ခရီးသွားအာမခံကြေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ရုရှားနိုင်ငံသားများ ပိုမိုလာရောက်လည်ပတ်နိုင်ရေး ခရီးသွားအာမခံကြေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား



MNP ၊ ဒီဇင်ဘာ ၂

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ရုရှားနိုင်ငံအခြေစိုက် Yi Ling Tourism Co.,Ltd မှ Commercial Director ဖြစ်သူ Mr.Kosinkov Evgeny အား ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန နီလာခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံပွဲသို့ ဝန်ကြီးဌာနမှညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ် တာဝန်ခံများ ပါဝင်တက်ရောက်ကြသည်။


တွေ့ဆုံရာတွင် Mr.Kosinkov Evgeny က ရုရှားနိုင်ငံသား ခရီးသည်များအနေနှင့် နိုင်ငံတကာ တွင် အကျုံးဝင်သော အာမခံဝယ်ယူ၍ ခရီးသွားလာလျက်ရှိပြီး မြန်မာနိုင်ငံတွင် အာမခံ ထပ်မံရယူရခြင်းနှင့်စပ်လျဉ်း၍ ဖြေလျှော့ပေးစေလိုကြောင်း၊ ရုရှားနိုင်ငံမှ ခရီးသွားဧည့်သည်များအတွက် လေကြောင်းလိုင်းများပျံသန်းပြေးဆွဲရန် အပြည်ပြည် ဆိုင်ရာမြန်မာ့လေကြောင်းနှင့် ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသည်များ ငွေကြေးလွှဲပို့သုံးစွဲမှု လွယ်ကူအဆင်ပြေ စေရေး ဆောင်ရွက်ပေးနိုင်ပါက ခရီးသည်များ ပိုမိုလာရောက်ရေး ဖိတ်ခေါ်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။


ပြည်ထောင်စုဝန်ကြီးက လေကြောင်းလိုင်း ပျံသန်းပြေးဆွဲမှုအနေနှင့် ယခင်အီတလီ လေကြောင်းက မီလန်မြို့မှ ခရီးသည်များကို မြန်မာနိုင်ငံတွင် တစ်ထောက်နား၍ ဖူးခက်သို့ ပျံသန်းသကဲ့သို့ ပျံသန်းနိုင်သည့် သာဓကများရှိပါကြောင်း၊ ယခုလည်း အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းမှခရီးစဉ်များ စီစဉ်နေသည်ဟု သိရှိရပါကြောင်း၊ ခရီးသွားအာမခံကြေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေးသွားမည်ဖြစ်ပါကြောင်း၊ ခရီးသွားများလာရောက်ပါက ၎င်းတို့၏ငွေကြေးသုံးစွဲမှု အဆင်ပြေစေရေးဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ မြန်မာ-ရုရှား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ဆက်ဆံမှုတိုးမြင့် လာသည်နှင့်အမျှ ခရီးသွားလုပ်ငန်းပူးပေါင်း ဆောင်ရွက်ရေးကိုလည်း ဆောင်ရွက်နေပါကြောင်း၊ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးမည်ဟု ပြန်လည်ပြောကြားခဲ့သည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)