Pages

Pages

ဝါးခယ်မမြို့နယ်၌ ရပ်ကွပ်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ



MNP - ဒီဇင်ဘာ   ၇


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ တက်ရောက်ကြပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစွမ်းထက်မှ ဝါးခယ်မမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ အုပ်ချုပ်‌ရေးမှူးများနှင့် စာရေးများအား အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများနှင့်ပတ်သက်၍ ရှင်းလင်းချပြခြင်း၊ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်းနှင့်ပတ်သက်၍ ကော်မတီများဖွဲ့စည်းရန် ကိစ္စရပ်များအား ဆွေးနွေးခြင်း၊ နွေစပါး Contract Farming အကျိုးတူလယ်ယာစနစ်ဖြင့် ဆောင်ရွက်မည့် တောင်သူအမည်စာရင်း ပြုစုခြင်းများ ဆောင်ရွက်ရန် ရှင်းလင်းပြောကြားခြင်း၊ တက်ရောက်လာသည့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်‌ရေးမှူးများမှ သိလိုသည်များကို အပြန်အလှန်‌ မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်း - ဟိန်းထက်လင်း 


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق