ဘိုကလေးမြို့နယ်တွင် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ချောင်းကူးတံတားအသစ် ပြန်လည် တည်ဆောက်ပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘိုကလေးမြို့နယ်တွင် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ချောင်းကူးတံတားအသစ် ပြန်လည် တည်ဆောက်ပြီးစီး



MNP - ဒီဇင်ဘာ   ၅


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ မာဃ (၁၄) လမ်း လမ်းအလယ်၌ ဘိုကလေးမြို့၊ သရက်ချောင်းအတွင်းသို့ စီးဆင်းသော ချောင်းငယ်လေးအား ဖြတ်၍တည်ဆောက်ထားသော ကွန်ကရစ်တံတားသည် ကျဉ်းလွန်းသည်က တစ်ကြောင်း၊ လူသွားလမ်းကိုလည်း ချဲ့ထွင်ရန်ရှိသည်က တစ်ကြောင်း၊ ချောင်းကူးတံတား တည်ဆောက်ခဲ့သည်မှာ နှစ်ကာလကြာမြင့်ခဲ့ပြီ ဖြစ်သဖြင့် တံတားပျက်စီး ယိုယွင်းလာသည်က တစ်ကြောင်းကြောင့် အမှတ် (၇) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်နိုင်၏ ဦးဆောင်စီစဉ်ကြီးကြပ်မှုနှင့်အတူ လမ်းသူလမ်းသားများ၏ စုပေါင်းလှူဒါန်း ထည့်ဝင်မှုများဖြင့် ယခုနှစ် နိုဝင်ဘာလတွင် ကိုယ်ထူကိုယ်ထစနစ် ချောင်းကူးကွန်ကရစ်တံတား အသစ်ပြန်လည် တည်ဆောက်လျက်ရှိရာ ယခုအချိန်တွင် ရာနှုန်းပြည့် တည်ဆောက်ပြီးစီးပြီ ဖြစ်သည်။


တံတားတည်ဆောက်ရာတွင် လမ်းသူလမ်းသားများ၏ လုပ်အားဒါနများဖြင့် တံတားဟောင်းအား ဖျက်ချ၍ တံတားအကျယ် (၁၃) ပေ၊ အရှည် (တံတားခြေဆင်းအပါအဝင်) (၅၀) ပေနှင့် အထူ (၅) လက်မ ကွန်ကရစ်တံတားအား တည်ဆောက်ခြင်းဖြစ်ပြီး မကြာခင်တွင်လည်း လမ်းသူလမ်းသားများ၏ ကိုယ်ထူကိုယ်ထစနစ်ဖြင့် အဆိုပါ အမှတ် (၇) ရပ်ကွက်၊ (၁၄) လမ်းကိုလည်းကွန်ကရစ် လမ်းအကျယ် ဆက်လက်ချဲ့ထွင်သွားရန် ရှိကြောင်း လမ်းသူလမ်းသားများ ထံမှ သိရသည်။


သတင်း - မိုးစက်


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)