ကော့သောင်းမြို့နယ် ကြက်ခြေနီအသင်း၏ ရှေ့ဦးပြုစုခြင်း အခြေခံသင်တန်းအမှတ်စဉ် (၅/၂၀၂၂) ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့သောင်းမြို့နယ် ကြက်ခြေနီအသင်း၏ ရှေ့ဦးပြုစုခြင်း အခြေခံသင်တန်းအမှတ်စဉ် (၅/၂၀၂၂) ဖွင့်လှစ်



MNP - ဒီဇင်ဘာ ၁၃


ကော့သောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ဖွင့်လှစ်ပို့ချမည့် ရှေ့ဦးပြုစုခြင်းအခြေခံသင်တန်းအမှတ်စဉ် (၅/၂၀၂၂)ကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အလကခွဲ၊ အေးရိပ်ငြိမ်(၁)ကျောင်းတွင် ကျင်းပြုလုပ်ခဲ့သည်။


သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ခရိုင်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးကိုကိုကြီးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး သင်တန်းစတင်ပို့ချသည်။


အဆိုပါရှေ့ဦးပြုစုခြင်းအခြေခံသင်တန်းတွင် ကြက်ခြေနီတပ်ဖွဲ့များဆောင်ရွက်ရမည့် ရှေ့ဦးပြုစုနည်း အခြေခံသဘောတရားများနှင့် ဝတ် တရားများ၊ လူနာဆန်းစစ်ခြင်း၊ ဒဏ်ရာရခြင်းနှင့် သွေးယိုစီးခြင်းကိုကာကွယ်ခြင်း၊ သွေးဆုတ်သွေးလန့်ခြင်း၊ အပူလောင်ခြင်း၊ အဆိပ်သင့်ခြင်း၊ သတ္တဝါနှင့် ပိုးမွှားများကိုက်ခြင်း၊ တုပ်ခြင်း၊ အရိုးအဆစ်နှင့်ကြွက်သားဒဏ်ရာရမှုကို ပြုစုခြင်း၊ ဆေးထည့် ခြင်းနှင့် ပတ်တီးစည်းနည်း၊သတိလစ်မေ့မျောမှုကိုပြုစုနည်း၊ ဆို့နင်ခြင်းကိုပြုစုနည်း စသည့် ဘာသာရပ်များကို သင်တန်းနည်းပြ(၆)ဦးက စာတွေ့လက်တွေ့များဖြင့် သင်တန်းကာလ (၃) ရက်ပို့ချသွားမည်ဖြစ်ပြီး အဆိုပါကျောင်းမှ ကျောင်းသားကျောင်းသူသင်တန်းသား(၄၀)ဦး တက် ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ကျော်စိုး 


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)