ပြည်ထဲရေးဝန်ကြီးဌာနမိသားစုများမှ တာမွေမြို့နယ်ရှိ မစိုးရိမ်ပရိယတ္တိစာသင်တိုက်သို့ ဆွမ်းဆန်စိမ်းအိတ်များ ဆက်ကပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထဲရေးဝန်ကြီးဌာနမိသားစုများမှ တာမွေမြို့နယ်ရှိ မစိုးရိမ်ပရိယတ္တိစာသင်တိုက်သို့ ဆွမ်းဆန်စိမ်းအိတ်များ ဆက်ကပ်လှူဒါန်း

 



MNP - ဒီဇင်ဘာ    ၁၄


ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းအစုစုတို့ကို ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။


ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်ရှိ မစိုးရိမ်ပရိယတ္တိစာသင်တိုက်မှ ဆရာတော်/ သံဃာတော်များ ဆွမ်းကိစ္စအခက်အခဲမရှိ အဆင်ပြေချောမွေ့စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကိုးအောင်နှင့် ဝန်ထမ်းများက ပြည်ထဲရေးဝန်ကြီးဌာနမှ မိသားစုများကိုယ်စားကျောင်းရှိ ဆရာတော်/သံဃာတော်အပါး (၁၁၈)ပါးအတွက် ဆွမ်းဆန်စိမ်းအိတ် (၈)အိတ်အား ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။


သတင်း - နိုင်လင်းအောင်


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)