ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒီဇင်ဘာလူထုအားကစားလ ဒုတိယပတ် စုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒီဇင်ဘာလူထုအားကစားလ ဒုတိယပတ် စုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲ




MNP - ဒီဇင်ဘာ ၁၁


တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီဇင်ဘာလအား လူထုလှုပ်ရှား အားကစားလအဖြစ် သတ်မှတ်၍ နှစ်စဉ်နှစ်တိုင်း  စုပေါင်းလမ်းလျှောက်ပွဲကို ပြုလုပ်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင်လည်း စုပေါင်းလမ်းလျှောက်ပွဲအား ယမန်နေ့နံနက်ပိုင်းက ရွှေရုပ်တုအဝိုင်းရှေ့တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးတရာသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြသည်။


စုပေါင်းလမ်းလျှောက်ပွဲအား ရွှေရုပ်တုအဝိုင်းရှေ့မှစတင်၍ မဟာဗန္ဓုလလမ်းမကြီးအတိုင်း ကိုးသိန်းအားကစားကွင်းသို့ တပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများအား စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ အဆိုပါစုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ အပါအဝင် အင်အား (၂၁၀၀ )ဦးခန့်က တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်ဖလား ၂၆ မြို့နယ် အသက် ၂၅ နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်အားပေးခဲ့ကြပြီး ဗိုလ်လုပွဲစဉ်များအဖြစ် အမျိုးသား၊ အမျိုးသမီးမီတာ ၈၀၀ နှင့်မီတာ ၁၀၀ အပြေးပြိုင်ပွဲအားလည်းကောင်း၊ အမျိုးသား၊ အမျိုးသမီးမီတာ (၄၀၀×၄)လက်ဆင့်ကမ်းပြိုင်ပွဲများအား ကြည့်ရှုအားပေးခဲ့ကြသည်။ ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ပြုလုပ်ရာ အမျိုးသား၊ အမျိုးသမီးလှံတံပစ်ပြိုင်ပွဲ၊ သုံးဆင့်ခုန်ပြိုင်ပွဲ၊ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို ဌာဆိုင်ရာ တာဝန်ရှိသူများကလည်းကောင်း၊ မီတာ၈၀၀အပြေးပြိုင်ပွဲ၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့ကလည်းကောင်း၊ အမျိုးသား၊ အမျိုးသမီး မီတာ (၄၀၀×၄)လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးတို့ကလည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမား ဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအား သယံဇာတရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသမီး တံခွန်စိုက်ဆုဖလားရရှိသော ကျောင်းကုန်းမြို့နယ်အသင်းအား ဆုဖလားကို ဝန်ကြီးချုပ်၏ဇနီးက လည်းကောင်းဆုများ အသီးသီးချီးမြှင့်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမျိုးသား တံခွန်စိုက်ဆုနှင့် အမျိုးသား၊အမျိုးသမီး စုပေါင်းတံခွန်စိုက်ဆုရရှိသော ပုသိမ်မြို့နယ်အသင်းအား တံခွန်စိုက် ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။


သတင်း - လှမင်းထွဋ်


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)