Pages

Pages

ဘင်္ဂါလီဒုက္ခသည်စခန်းမှ ထွက်ခွာလာသော ဘင်္ဂလီများအား ပင်လယ်ပြင်တွင် ဒုက္ခရောက်နေစဉ် မြန်မာ့တပ်မတော် က ကယ်တင်ပေးခဲ့





MNP ၊ ဒီဇင်ဘာ ၉

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်း များတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော PTTEP International Limited မှ အထောက်အကူပြုရေယာဉ်များဖြစ်သည့် HAI DUONG 29 နှင့် HAI DUONG 38 ရေယာဉ် တို့သည် ဇောတိကစီမံကိန်း ကမ်းလွန်လုပ်ကွက်၌ လုပ်ငန်းများ ဆောင်ရွက်ရန် မြန်မာနိုင်ငံရေပြင်အတွင်း ဖြတ်သန်းလာစဉ် ဒီဇင်ဘာ ၇ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် မြိတ်မြို့၏အနောက်တောင်ဘက် ၁၅၅ မိုင်ခန့်အကွာသို့ အရောက်၌ ဘင်္ဂါလီလူမျိုးများ တင်ဆောင်လာသည့် လှေ ၁ စီးသည် ရေဝင်၍ နစ်မြုပ်လုနီးပါး ဖြစ်နေသည်ကို တွေ့ရှိရသဖြင့် ကယ်ဆယ်ထားကြောင်း တပ်မတော်(ရေ)မှ လုံခြုံရေးစစ်ရေယာဉ်များသို့ သတင်းပေးပို့လာခဲ့သည်။


သတင်းရလျင်ရချင်း တပ်မတော်(ရေ)မှ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စစ်ရေယာဉ်(အနော်ရထာ)အား စေလွှတ် ခေါ်ဆောင်စေခဲ့ရာ ည ၁၀ နာရီခန့်တွင် မြိတ်မြို့၏အနောက်တောင်ဘက် ၁၅၅ မိုင်ခန့်အကွာ၌ HAI DUONG 38 ရေယာဉ်နှင့်တွေ့ဆုံခဲ့ပြီး ဘင်္ဂါလီလူမျိုး လူကြီး ကျား ၈၃ ဦး၊ မ ၄၀ ဦး၊ ကလေး ကျား ၂၃ ဦး၊ မ ၈ ဦး၊ စုစုပေါင်း ၁၅၄ ဦးတို့အား စစ်ရေယာဉ်ပေါ်သို့ လွှဲပြောင်းတင်ဆောင်၍ လိုအပ်သောကျန်းမာရေး စောင့်ရှောက် မှုများဆောင်ရွက်ပြီး အစားအသောက်များ ထောက်ပံ့ကျွေးမွေး ခေါ်ဆောင်လာခဲ့ သည်။


အထက်ပါ ဘင်္ဂါလီလူမျိုးများအား မြိတ်မြို့ အနောက်မြောက်ဘက် ၈.၅ မိုင် ခန့် အကွာတွင် ကျောက်ချရပ်နား၍ မြိတ်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ပါဝင်သော အဖွဲ့စုံဖြင့် ရေယာဉ်ပေါ်၌စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ပါသည်။


အဆိုပါဘင်္ဂါလီလူမျိုးများသည် ဘင်္ဂါလီစကားတစ်မျိုးတည်းသာ ပြောဆို တတ်ပြီး ကနဦးမေးမြန်းချက်အရ ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား ခရိုင်၊ ဒေါ့ကာစီဒုက္ခသည်စခန်းများမှဖြစ်ကြောင်း၊ ဒုက္ခသည်စခန်းအတွင်း လူဦးရေများ ပြားခြင်း၊ လုံခြုံမှုမရှိခြင်းနှင့်စားနပ်ရိက္ခာမလုံလောက်ခြင်းတို့ကြောင့် အင်ဒိုနီးရှား နိုင်ငံသို့သွားရောက်ရန်အတွက် လိုက်ပါလိုသူမိသားစုများထံမှတာကာငွေ ၁၀ သိန်း ကောက်ခံပြီး စက်လှေ ၁ စီး ဝယ်ယူခဲ့ကြောင်း၊ နိုဝင်ဘာ ၂၇  ရက် တွင် အဆိုပါ စက်လှေဖြင့် အင်ဒိုနီးရှားနိုင်ငံသို့ စတင်ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (United Nations High Commissioner for Refugees – UNHCR)မှ ထုတ်ပေးထားသည့် ဒုက္ခသည်ကတ်များ ကိုင်ဆောင်ထားရှိကြောင်း၊ ဒီဇင်ဘာ ၇  ရက်တွင် လှေအတွင်းသို့ ရေများ ဝင်ရောက်၍ နစ်မြုပ်နေစဉ် HAI DUONG 38 ရေယာဉ်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်းနှင့် လှေပေါ်ပါသူ အားလုံး အသက်ရှင်လျက်ရှိကြောင်း သိရှိရသည်။


ယင်းဘင်္ဂါလီလူမျိုးများအား မြိတ်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးဦးစီး ဌာန ပါဝင်သောအဖွဲ့စုံဖြင့် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ပြီးပါက စစ်တွေမြို့သို့ ဆက်လက်ပို့ဆောင်၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ဘင်္ဂလီစကားသာ ပြောကြားတတ်သော ဘင်္ဂလီများကို အချို့သော ပြည်ဖျက်မီဒီယာများတွင် လူမျိုးအမည်ကို အသုံးပြုဖော်ပြ၍ မလိုလားအပ်သော လူမျိုးရေးပဋိပက္ခများ ဖန်တီးရေးသား ဖော်ပြလျက်ရှိသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق