အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)ဖွင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)ဖွင့်ပွဲကျင်းပ

 



MNP - နိုဝင်ဘာ   ၃၀


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် သန်လျင်မြို့နယ် သီလဝါစက်မှုဇုန်လမ်းရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)အဝင်မုခ်ဦး၌ ကျင်းပသည်။


ရှေးဦးစွာ အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ လူမှုရေးဝန်ကြီးဦးအောင်ဝင်းသိန်းနှင့် ကျောင်းအုပ်ကြီးဒေါက်တာကျော်ခိုင်ခိုင်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းက ကျောင်းဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီးနောက် ကဗ္ဗည်းကျောက်စာအား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးသည်။


ဆက်လက်၍ အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)ဖွင့်ပွဲကို ခန်းမအတွင်းကျင်းပရာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ကျောင်းသားကျောင်းသူများက အဆို၊ အကများဖြင့် ဖျော်ဖြေတင်ဆက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းသော အလှူငွေကျပ်သိန်း(၅၀)ကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းအုပ်ကြီး ထံပေးအပ်လှူဒါန်းသည်။ ယင်းနောက် ဖျော်ဖြေတင်ဆက်ကြသော အနုပညာရှင်များအား တိုင်းဒေသကြီးလူမှုရေးဝန်ကြီးက ဂုဏ်ပြုဆုငွေများပေးအပ်သည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်အဖွဲ့ဝင်များ ဧည့်သည်တော်များသည် မြို့ပြအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာနှင့်လျှပ်စစ်စွမ်းအားအင်ဂျင်နီယာအလုပ်ရုံများအား လှည့်လည်ကြည့်ရှုကြသည်။


ယနေ့ဖွင့်လှစ်သော အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)တွင် မြို့ပြအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာနှင့်လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘာသာရပ်များအတွက် ဘာသာရပ်တစ်ခုလျှင် ကျောင်းသား၊ ကျောင်းသူ(၄၀)ဦးဖြင့် ဘာသာရပ်သုံးခုအတွက် ကျောင်းသား၊ ကျောင်းသူ (၁၂၀)ဦးအား လက်ခံသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)