ကန့်ဘလူမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်မာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကန့်ဘလူမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်မာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်



MNP - ဒီဇင်ဘာ ၅


စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီက ကန့်ဘလူမြို့ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။


ထိုသို့ ဆောင်ရွက်ပေးရာတွင် ကိုယ်ဝန်ဆောင် မိခင်များအား ကိုယ်အလေးချိန် ချိန်ခြင်း၊ အရပ် တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ဝမ်းဗိုက်စမ်းသပ်စစ်ဆေး၍ သန္ဓေသားအနေအထား မှန်ကန်မှုရှိမရှိ စစ်ဆေးခြင်း၊ ပြုပြင်ပေးခြင်း၊ HIV၊ AIDS ရောဂါနှင့် အခြားရောဂါများရှိမရှိ သွေးဖောက်စစ်ဆေးပေးခြင်း၊ လက်ရှိရောဂါဝေဒနာ ရှိမရှိမေးမြန်းပြီး အာဟာရဓာတ် ပြည့်ဝစွာ စားသုံးကြရန် မှာကြားပြီး အားဆေးများကို ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများကို လစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


သတင်း - အောင်ဝင်းငြိမ်း 


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)