နတ်မောက်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

နတ်မောက်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအစည်းအဝေး ကျင်းပ



MNP - ဒီဇင်ဘာ ၄


မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၃)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ နတ်မောက်မြို့နယ် လူမှုဝန်ထမ်းရုံးမှ ဦးစီးမှူးဒေါ်သွယ်သွယ်အေးက  ကလေသူငယ် အခွင့်အရေးများနှင့် ပတ်သက်၍ ပြောကြားရာတွင် ကလေးသူငယ်အခွင့်အရေးများ အပြည့်အဝရရှိရန်၊ ကလေးသူငယ် အခွင့်အရေး ပြဌာန်းချက်များ၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုများ၊ ကလေးသူငယ် အမှုအခင်းကိစ္စရပ်များ လူကုန်ကူးမှု ကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။ ထိုသို့ ဆွေးနွေးပြောကြားခဲ့မှုအပေါ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။


အဆိုပါ အစည်းအဝေးသို့  မြို့နယ်အုပ်ချုပ်ရေးမှူး နှင့်  မြို့နယ်ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကော်မတီ ဝင် များ တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - ဖြိူးဖြိုး


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)