ရွှေဘိုမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် လူရည်ချွန် စိစစ်ရွေးချယ်ရေး စာမေးပွဲ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှု စစ်ဆေးခြင်းကို ဆက်လက်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေဘိုမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် လူရည်ချွန် စိစစ်ရွေးချယ်ရေး စာမေးပွဲ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှု စစ်ဆေးခြင်းကို ဆက်လက်ကျင်းပ




MNP - ဒီဇင်ဘာ   ၁


စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်တွင် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ထူးချွန်ထက်မြက်ပြီး ကျန်းမာကြံ့ခိုင်ကာ အကျင့်စာရိတ္တ ကောင်းမွန်၍ အထွေထွေဗဟုသုတများနှင့် ပြည့်စုံသောကျောင်းသား လူငယ်များဖြစ်စေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် လူရည်ချွန်စိစစ်ရွေးချယ်ရေး စာမေးပွဲကို နိုဝင်ဘာ ၂၈ ရက်မှစတင်ကာ၊ ရွှေဘိုမြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပဖြေဆိုခဲ့သည်။


လူရည်ချွန်စာမေးပွဲကို နိုဝင်ဘာ ၂၈ ရက်နေ့က မြန်မာစာနှင့်အင်္ဂလိပ်စာ၊ နိုဝင်ဘာ ၂၉ ရက်နေ့တွင် သင်္ချာဘာသာ၊ အထွေထွေဗဟုသုတ ရေးဖြေနှင့် နှုတ်ဖြေများကို ဖြေဆိုခဲ့ပြီး ယမန်နေ့က ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ရန်ကြီးအောင်အားကစားကွင်း၌ ဆက်လက်စစ်ဆေးခဲ့ပြီး မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲတွင် Grade-9 ကျောင်းသား/ ကျောင်းသူ ၁၄ဦး ၊ Grade-10 ကျောင်းသား/ ကျောင်းသူ ၁၅ဦး၊ Grade-11 ကျောင်းသူ/ ကျောင်းသား ၁၁ဦး စုစုပေါင်း ၄ဝ ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။


အဆိုပါမြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကို လူရည်ချွန်ရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်စိုးနှင့်  ကော်မတီဝင်များက ကြီးကြပ်စစ်ဆေး ဆောင်ရွက်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)