ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဓမ္မကျောင်းတော် ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဓမ္မကျောင်းတော် ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

 


MNP - ဒီဇင်ဘ  ာ ၅


ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ကလေးငယ်များ ငယ်စဉ်ကတည်းက ဘာသာတရားကို လေးစားမြတ်နိုး တန်ဖိုးထားတတ်စေ‌ရန်နှင့် ယဉ်ကျေးလိမ္မာကြစေရန်ရည်ရွယ်၍  ဓမ္မရောင်ခြည် ဖောင်ဒေးရှင်းနှင့် မြို့နယ်သာသနာ့နုဂ္ဂဟ အသင်းတို့ ဦးဆောင် ဖွင့်လှစ်သည့် ဓမ္မကျောင်းတော် ယဉ်ကျေးလိမ္မာ သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက  ခနောင်တိုအရှေ့ ရပ်ကွက် ဓမ္မပီတိ ဘုန်းကြီး‌ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ရှေးဦးစွာ အခမ်းအနား တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးရဲမြင့်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ယဉ်ကျေးလိမ္မာသင်တန်းတွင် သင်ကြားပေးသည့် အငြိမ်းစားကျောင်း ဆရာမကြီး ဒေါ်ကြူကြူဝင်းက သင်တန်းဖွင့်လှစ် သင်ကြားပေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။


ယင်းနောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်သာသနာ့ နုဂ္ဂဟအသင်းမှ တာဝန်ရှိသူများ၊ မြို့မိ မြို့ဖ များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် အဘက်ဘက်မှ အလှူငွေများ လှူဒါန်းပေးကြသည့် အလှူရှင်များနှင့် သင်တန်းတွင် ဆုရရှိခဲ့သည့် သင်တန်းသား၊ သင်တန်းသူ ကလေးငယ်များအား ဂုဏ်ပြုကတ်များနှင့် ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြ ကြောင်း သိရသည်။


သတင်း - ဝေယံ


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)