Pages

Pages

ဆင်ပေါင်ဝဲမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ



MNP -ဒီဇင်ဘာ ၆


မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်ဖီယာန်က သင်တန်းဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆန်းဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက  အရန်မီးသတ်တူညီဝတ်စုံများ ပေးအပ်ခဲ့ရာ သင်တန်းသားများက လက်ခံရယူခဲ့ကြသည်။


အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲကို မြို့ပေါ်(၃)ရပ်ကွက်၊ လယ်ကျိုးကျေးရွာအုပ်စု၊ ကျွန်းကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာအုပ်စုနှင့် ကျောက်ဖြူတောင်ကျေးရွာများမှ သင်တန်းသား(၅၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၁) လဖြစ်ကြောင်း သိရသည်။


သတင်း - နိုင်လင်း


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق