Pages

Pages

မိတ္ထီလာမြို့နယ် ချောင်းကောက်တမံအတွင်း ငါးမြစ်ချင်းကောင်ရေနှစ်သောင်း စိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

 



MNP - ဒီဇင်ဘာ ၁၄


မိတ္ထီလာမြို့နယ် ချောင်းကောက်တမံအတွင်း ငါးမြစ်ချင်းကောင်ရေ နှစ်သောင်း စိုက်ထည့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါတမံတွင် ကျင်းပခဲ့ကြောင်း သိရသည်။


မန္တလေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ ငါးထုတ်လုပ်မှုတိုးတက်စေရေး၊ ငါးရိက္ခာပေါများစေရေးနှင့် ဒေသတွင်းငါးစားသုံးမှုဖူလုံစေရေးတို့အတွက် ဆည်ရေလှောင်တမံများ၊ ကျေးရွာဖွံ့ဖြိုးရေးကန်များသို့ ငါးမျိုးစိုက်ထည့်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သရက်ကုန်းငါးလုပ်ငန်းစခန်း(မန္တလေးမြို့)နှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ သားဖောက်ထုတ်လုပ်သော ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ နှစ်သောင်းကို မိတ္ထီလာမြို့နယ် ချောင်းကောက်ရေလှောင်တမံအတွင်းသို့ ထည့်သွင်းမျိုးစိုက်ခဲ့ကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဦးစိုးမိုးထံမှ သိရသည်။


အဆိုပါငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို မိတ္ထီလာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးတင်ဆန်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်ဇော်သိန်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်း၊ စက်မှုလယ်ယာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းစံ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာန၊ မိတ္ထီလာမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဌေးဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း  သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق