ကလေးသူငယ်များ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေး ပင်းတယမြို့ မူလတန်းကြိုကျောင်း၌ ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကလေးသူငယ်များ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေး ပင်းတယမြို့ မူလတန်းကြိုကျောင်း၌ ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ




MNP - ဒီဇင်ဘာ ၁၁


ကလေးများ၏ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဉာဏစွမ်းရည်ပြိုင်ပွဲအား ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပင်းတယမြို့ မူလတန်းကြိုကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ရှမ်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းရုံး၊ ပင်းတယမြို့နယ် ဦးစီးမှူး ဒေါ်စုထားဝေမှ အဖွင့်အမှာစကား ပြောကြားပေးသည်။ ထို့နောက် ကလေးသူငယ်များ၏ ဉာဏ စွမ်းရည်ပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးခဲ့ပြီး၊ ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုထားဝေနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဆုတံဆိပ်နှင့်အမှတ်တရ လက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။


သတင်း - အောင်ကိုဦး


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)