ညောင်တုန်းမြို့နယ်တွင် အဘိဓမ္မာ(ရိုးရိုး)၊ အဘိဓမ္မာဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်တုန်းမြို့နယ်တွင် အဘိဓမ္မာ(ရိုးရိုး)၊ အဘိဓမ္မာဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ ကျင်းပ



MNP - ဒီဇင်ဘာ  ၁၀


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှုကျင်းပသော (၇၁)ကြိမ်မြောက် အဘိဓမ္မာ(ရိုးရိုး)၊ အဘိဓမ္မာဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂နာရီက (၁)ရပ်ကွက်၊ သာသနာလင်္ကာရကျောင်းကြီးကျောင်းတိုက်ရှိ ကုဏ္ဍလာရာမ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။


ထိုသို့ ကျင်းပပြုလုပ်ရာတွင် မြို့နယ်သံဃာ့နာယကအဖွဲ့နှင့် မြို့နယ်သာသနာရေးဦးစီးဌာန တို့က ကြီးကြပ်၍ အဘိဓမ္မာ(ရိုးရိုး) ပထမအဆင့် (၆၉)ဦး၊ ဝိသုဒ္ဓိမဂ် ပထမအဆင့် စာမေးပွဲ ဖြေဆိုသူ(၂)ဦး စုစုပေါင်း (၇၁)ဦး ဖြေဆိုခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ကူညီဆောင်ရွက် ပေးကြောင်း သိရသည်။


 မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)