တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အစိုးရစက်မှုလက်မှု သိပ္ပံ(ထားဝယ်) ဖွင့်ပွဲအခမ်းအနားသို့တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အစိုးရစက်မှုလက်မှု သိပ္ပံ(ထားဝယ်) ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

 



MNP - နိုဝင်ဘာ   ၃၀


တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ထားဝယ်-မောင်းမကန်လမ်းမကြီးနံဘေးတွင် တည်ရှိသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ထားဝယ်)ကို ယနေ့နံနက် ၉ နာရီတွင် ဖွင့်လှစ်ခဲ့သည်။


ရှေးဦးစွာ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်၊ ကျောင်းအုပ်ကြီး ဦးဟိဏ်းထက်အောင်နှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဘုန်းမြတ်သူတို့က အစိုးရစက်မှုလက်မှုသိပ္ပံ(ထားဝယ်) အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးချုပ်နှင့်တိုင်း ဒေသကြီးဝန်ကြီးများက  ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည် ပက်ဖျန်းပေးခဲ့သည်။


 အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက  လက်ရှိတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (ထားဝယ်)အနေဖြင့် မြို့ပြအင်ဂျင်နီယာဘာသာရပ်၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘာသာရပ်၊ စက်မှုအင်ဂျင်နီယာဘာသာရပ်များကို သင်ကြားပေးမည်ဖြစ်ကြောင်း၊ ယခုအခါတွင်တိုင်းဒေသကြီး အတွင်း မဟာဓာတ်အားလိုင်းရရှိရေးအတွက် ပထမဦးစားပေးအနေဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးတွင် လမ်းပန်းဆက်သွယ်ရေး လုံခြုံရေးချောမွေ့ ကောင်းမွန်လာသည်နှင့် အမျှ လျှပ်စစ်ဓာတ်အားရရှိရေး၊ အသေးစား၊ အငယ်စား၊ အလတ်စား၊ စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊  ဖောင်းတောရေအားလျှပ်စစ်နှင့် ပတ်သက်ပြီး MOU လတ်မှတ်ရေးထိုး ရန်စီစဉ်ဆောင် ရွက်လျက်ရှိ ကြောင်း၊ ဖောင်းတောရေအား လျှပ်စစ်မှ ၂၂ မဂ္ဂဝပ်ထုတ်လွှတ်ရရှိမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး၌ လျှပ်စစ်ဓာတ်အား အတိုင်းအတာတစ်ခုအထိ ရရှိမှာဖြစ်သောကြောင့်  ရင်းနှီးမြှပ်နှံမှုများ၊ စက်မှု လက်မှုလုပ်ငန်း များပေါ်ထွန်းလာနိုင်ကြောင်း၊ အလားတူပင် ထားဝယ်နှင့်မြိတ်ဒေသများတွင် မဟာ ဓာတ်အားလိုင်းအား သွယ်တန်းရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ထားဝယ်နှင့် မြိတ်ဒေသများတွင် စက်မှုလက်မှုလုပ်ငန်းများ အားဖြည့်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ စက်မှုလက်မှု လုပ်ငန်းများ ဖွံ့ဖြိုးလာပါက ကျောင်းသူ/ကျောင်းသားများအနေဖြင့် မိမိဒေသတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာမှာဖြစ်ကြောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများမှ ဝိုင်းဝန်းကြိုးပမ်းပြီး ဆောင်ရွက်ပေးကြရန်နှင့် ဆရာ၊ ဆရာမများကလည်း စေတနာ၊ အနစ်နာ၊ ဝါသနာစသည့် ကောင်း မွန်မြင့်မြတ်သော အရင်းခံစိတ်ဓာတ်များဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းပြောကြားသည်။


ထို့နောက်ကျောင်းအုပ်ကြီးဦးဟိဏ်းထက်အောင်က တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လူငယ်၊ လူရွယ်များမှ နည်းပညာနှင့် သက်မွေးပညာရပ်များအား မိမိဒေသအတွင်းမှာပင် လေ့လာသင်ကြား ခွင့်ရရှိပြီး အသက်မွေးဝမ်း ကျောင်းပြုနိုင်သည်အထိ လေ့ကျင့်သင်ကြားပေးနိုင်ရန်၊ ဒေသအတွင်းနှင့် နိုင်ငံတော်အတွက်လိုအပ်သည့် နည်းပညာရှင်၊ အတတ်ပညာရှင် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်၊ Public-Private-Partnership (PPP)စနစ် ပိုမိုအားကောင်းလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ကျောင်းဆိုင်ရာအချက်အလက်များနှင့် ကျောင်းဖွင့်လှစ်နိုင်ရေးဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်အား  ကျောင်းဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်ပေးအပ်သည်။


ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက အစိုးရစက်မှုလက်မှုသိပ္ပံ(ထားဝယ်)ရှိ Library ခန်း၊ Science Lab ခန်း၊ စာသင်ခန်း၊ Drawing ခန်း၊ Computer ခန်းနှင့် စက်ပစ္စည်းခန်းများ၊ အလုပ်ရုံခန်းများ အားလှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)