ဂွမြို့နယ်တွင် ကိုဗစ်-၁၉ကပ်ရောဂါ ဒုတိယလှိုင်းကြောင့် ရောဂါကူးစက်ခံ ပြည်သူများအတွက် အာဆီယံအပေါင်း (၃)နိုင်ငံများ၏ အစီအစဉ်ဖြင့် ဂျပန်နိုင်ငံမှ ဆန်လှူဒါန်း ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့နယ်တွင် ကိုဗစ်-၁၉ကပ်ရောဂါ ဒုတိယလှိုင်းကြောင့် ရောဂါကူးစက်ခံ ပြည်သူများအတွက် အာဆီယံအပေါင်း (၃)နိုင်ငံများ၏ အစီအစဉ်ဖြင့် ဂျပန်နိုင်ငံမှ ဆန်လှူဒါန်း ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပ





MNP ၊ ဒီဇင်ဘာ   ၄

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ကိုဗစ်-၁၉ကပ်ရောဂါ ဒုတိယလှိုင်းကြောင့် ရောဂါကူးစက်ခံ ပြည်သူများအတွက် အာဆီယံအပေါင်း (၃)နိုင်ငံများ၏ အစီအစဉ်ဖြင့် ဂျပန်နိုင်ငံမှ ဆန်လှူဒါန်း ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နေ့လည်(၁၁)နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးရုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ထွန်းလင်းက ဆန်ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကိုဗစ်-၁၉ကပ်ရောဂါ ဒုတိယလှိုင်းကြောင့် ရောဂါကူးစက်ခံ ပြည်သူ(၄၀)ဦးအား ဆန်များလှူဒါန်းပေးအပ်ခဲ့ကြောင်းသိရသည်။

ဂွမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ကပ်ရောဂါ ဒုတိယလှိုင်းကြောင့် ရောဂါကူးစက်ခံ ပြည်သူ(၄၀)ဦးမှာ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့မှ ပြည်သူများဖြစ်ကြပြီး နိုင်ငံ့ဝန်ထမ်း(၂)လည်း ပါဝင်ကြောင်းသိရပြီး ပြည်သူတစ်ဦးလျှင် ဆန်(၄)ပြည်စီ လက်ခံရရှိခဲ့ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)