MNP ၊ ဒီဇင်ဘာ ၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြို့ပေါ်ရပ်ကွက်ရှိ ဒိုင်းကျီဘုန်းတော်ကြီးကျောင်း နှင့် ကိုးနဝင်း တိုက်ပွဲရှောင်စခန်းသို့ လာရောက်ခိုလှုံနေသောပြည်သူများအတွက် နီပွန်ဖောင်ဒေးရှင်းမှ တစ်လ စာဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကို အောင်တပ်ရပ်ကွက် မြို့တော်ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ နီပွန်ဖောင်ဒေးရှင်းမှ ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးစိုးစိုးသက် နှင့် အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစန်နီနှင့် တာဝန်ရှိသူများ ၊ ဌာနဆိုင်ရာဝန်ထမ်းများက မြောက်ဦးမြို့နယ်အတွင်းရှိ ခိုလှုံရာစ ခန်းများဖြစ်သော ဒိုင်းဂျီဘုန်းတော်ကြီးကျောင်း နှင့် ကိုးနဝင်းတိုက်ပွဲရှောင်စခန်း ခိုလှုံရာစခန်း(၂) ခုတွင် လာရောက်ခိုလှုံနေသော စုစုပေါင်းအိမ်ထောင်စု (၁၁၅)စုမှ လူဦးရေ (၄၆၀) ဦးတို့အတွက် တစ်လစာဆန်ရိက္ခာ ၄၆၀အိတ် အား အဆိုပါစခန်းများရှိ ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost


ليست هناك تعليقات:
إرسال تعليق