မောင်တောမြို့နယ်၌ ရခိုင်ပြည်နယ်နေ့ကိုကြိုဆိုသောအားဖြင့် ဒီဇင်ဘာအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲစည်ကားသိုက်မြိုက်စွာဆင်နွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့နယ်၌ ရခိုင်ပြည်နယ်နေ့ကိုကြိုဆိုသောအားဖြင့် ဒီဇင်ဘာအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲစည်ကားသိုက်မြိုက်စွာဆင်နွဲ






MNP ၊ ဒီဇင်ဘာ  ၁၀

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်မည့် ရခိုင်ပြည်နယ် အထိမ်း အမှတ်အကြို ဒီဇင်ဘာအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲကို  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍  မြို့နယ် အားကစား နှင့် ကာယပညာ ဦးစီဌာနက ဦးဆောင်ကာ တစ်မျိူးသားလုံး ကျန်းမာ ကြံ့ခိုင်ရေး အတွက် စုပေါင်းလူထုအား ကစားလ စုပေါင်းလမ်းလျှောက်ပွဲကို  ယနေ့ နံနက် ၅ နာရီက မြို့မနာရီစင်ခွဆုံ စုရပ် မှ စတင်ကာ  ခရိုင် စီမံ အုပ် ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင် နှင့် အဖွဲ့ဝင်များ ၊ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်း များ၊ ဆရာ/မများ၊ ကျောင်းသား/သူများ၊ ရပ်ကွက်နေပြည်သူများ အင်အား(၇၀၀)ခန့် စုပေါင်း လမ်း လျှောက်ခဲ့ကြသည်။ 


အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲကို မြို့မနာရီစင်ခွဆုံ စုရပ် မှ စတင်ကာ  မြို့ဝင်မုဒ်ဦး အနီးအနားထိ လည်း ကောင်း ၊ ထိုမှတဆင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ ပြန်လျှောက်ကာ  အားကစား ကွင်း အတွင်း “ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး” အစီအစဉ် (Fitness Dance)အက လေ့ကျင့်ခန်းများ တစ်ပျော်တစ်ပါး စုပေါင်း ပြုလုပ် ဆောင်ရွက်မည်ဖြစ်ပြီး လမ်းလျှောက်ပွဲ ပါဝင်ဆင်နွဲသူများအား ကောက်ညင်းပေါင်းဖြင့် ဧည့်ခံဆောင်ရွက်ခဲ့ကြ ကြောင်း  သိရသည်။


သက်လွင်စိုး၊ အောင်ကျော်စိန်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)