Pages

Pages

နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဆွမ်းဆန်တော်များလှူဒါန်း



MNP - ဒီဇင်ဘာ ၁၄


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ သဖန်းကိုင်းပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ  သံဃာတော်၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၄၀)ဦးတို့အတွက် ဆွမ်းဆန်တော်ကို ယနေ့နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။


လှူဒါန်းရာတွင် ဆီဆုံဆရာတော်အားအမှုထား၍ ဆီဆုံရွာဒါယကာ၊ ဒါယိကာမ မိသားစုများက ဆွမ်းဆန်တော်(၁၁)အိတ်ကို ဆီဆုံကျေးရွာနေ ဦးစိုးမင်းလေး+ဒေါ်နွယ်နွယ်ဦးတို့၏ နေအိမ်၌ နေ့ဆွမ်းနှင့် ဆွမ်းဆန်တော်ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


သဖန်းကိုင်းပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် သံဃာတော်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၄၀)ဦးရှိပြီး အဆိုပါကျောင်းသား၊ ကျောင်းသူများ၏ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စများကို ဆရာတော်မှ အနီးကပ်ကြီးကြပ် စောင့်ရှောက်ပေးလျက်ရှိသည့်အပြင် အခမဲ့ကွန်ပျူတာသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်းနှင့် အာယုဒါန(အခမဲ့)ဆေးခန်းကိုလည်း ဖွင့်လှစ်ထားရှိကာ လူမျိုးဘာသာမရွေးလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သဖန်းကိုင်းဆရာတော်ထံမှ သိရသည်။


သတင်း- ထွေးငယ်


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق