Pages

Pages

ပေါင်မြို့နယ်၌မြို့နယ်အဆင့်အခြေခံပညာကျောင်းပေါင်းစုံမှ အသက်(၁၈)နှစ်အောက် ကျောင်းသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် လူရွေးချယ်ပွဲကျင်းပ





MNP ၊ ဒီဇင်ဘာ   ၉

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊အခြေခံပညာကျောင်းသားအားကစားပွဲတော် ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် မြို့နယ်ပညာရေးဌာနက မြို့နယ်အဆင့်ကျောင်းပေါင်းစုံ အသက်(၁‌၈)နှစ်အောက် ကျောင်းသား၊ကျောင်းသူများ လူရွေးချယ်ပွဲကို ပေါင်မြို့မအားကစားကွင်းနှင့်မြို့နယ်အားကစားရုံ၌ယနေ့နံနက်ပိုင်းကစတင်ပြုလုပ်ခဲ့သည်။

ကျောင်းသားအားကစားပွဲတော်တွင် ပါဝင်ရန်လူရွေးချယ်ခြင်းကို မြို့နယ်ပညာရေးမှူးဒေါ်စန်းစန်းအေးနှင့်ဒုတိယမြို့နယ်ပညာရေးမှူးများ၊ကာယဆရာ၊ဆရာမများက  အမျိုးသားဘောလုံးပြိုင်ပွဲ၊အမျိုးသမီးဘောလုံးပြိုင်ပွဲ၊ကျားပိုက်ကျော်ခြင်း၊ကျား/မ ဘောလီ‌ဘောပြိုင်ပွဲ၊ကျား/မ ပြေးခုန်ပြစ်ပြိုင်ပွဲများကျင်းပ၍အားကစားစည်းကမ်းများနှင့်အညီစီစစ်ရွေးချယ်ခဲ့သည်။

 

အဆိုပါလူရွေးချယ်ပွဲကို (၂)ရက်ကြာပြုလုပ်မည်ဖြစ်ကြောင်း မြို့နယ်အဆင့်ပြိုင်ပွဲများတွင် ရွေးချယ်ခံရသူများအားပြည်နယ်သို့မြို့နယ်ကိုယ်စားပြုဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق