မိုင်းယောင်းမြို့၌ ထေရဝါဒဗုဒ္ဓသာသနာပြု ဆရာတော်ကြီးများ၏ သြဝါဒခံယူပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယောင်းမြို့၌ ထေရဝါဒဗုဒ္ဓသာသနာပြု ဆရာတော်ကြီးများ၏ သြဝါဒခံယူပွဲကျင်းပ

 



MNP - ဒီဇင်ဘာ ၁၁


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ထေရဝါဒ ဗုဒ္ဓသာသနာပြု ဆရာတော်ကြီးများ၏ ဩဝါဒခံယူပွဲကို ယမန်နေ့က ရှေထိကျေးရွာ၌ ကျင်းပကြောင်း မြို့နယ်သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ သိရသည်။


ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်ကိုဦးက သာသနာရေးဆိုင်ရာများကို ရှင်းလင်းလျှောက်ထားပြီး ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်းဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တဘဒ္ဒိယ၊ ထေရဝါဒ ဗုဒ္ဓသာသနာပြု(မိုင်းယု)ကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိဓဇ ဝိစိတ္တသာရနှင့် ထေရဝါဒ ဗုဒ္ဓသာသနာပြုဆရာတော်ကြီးများ၏ သြဝါဒတရားများကို နာကြားခံယူခဲ့ကြသည်။


ထို့နောက် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းဆရာတော် အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ၊ အလှူရှင်များက ဆန်၊ ဆီ၊ ဆား၊ အဝတ်အထည်၊ စောင်၊ ဖိနပ်များကို ရှေထိကျေးရွာနေ တောင်ပေါ်တိုင်းရင်းသားများအား အသီးသီးပေးအပ်လှူဒါန်းခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းကြောင်း သိရသည်။


သတင်း - စိုင်းအောင်ဇော်လင်း


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)