MNP - ဒီဇင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ ငဖဲမြို့နယ် တောင်ပေါ်ဒေသတွင် ဘိန်းစိုက်ရာသီကာလ၌ ဘိန်းစိုက်ပျိုးမှုမရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးဖျက်ဆီးခြင်းနှင့် အသိပညာပေးဟောပြောပွဲဆောင်ရွက်ရန်အတွက် ကပစ(၁၄)မှ ဗိုလ်မှူးအောင်သူ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စခန်းမှူး ဒုရဲမှူးဇော်ဝင်း ဦးစီးသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းစစ်ကြောင်းအဖွဲ့(၂)သည် ရေဖြူကျေးရွာသို့သွားရောက်ပြီး ယမန့်နေ့ညနေပိုင်းက ဒေသခံတောင်သူများအား ဘိန်းစိုက်ပျိုးမှုလျော့နည်းပပျောက်ရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စစ်ကြောင်းအဖွဲ့(၂) ကပစ (၁၄)မှ ဗိုလ်မှူးအောင်သူက နယ်မြေလုံခြုံရေးဆိုင်ရာများ၊ မယတပ်စု(၁၅)မှ ဒုရဲအုပ်အောင်ကျော်ထွေးက မူးယစ်ဆေးဝါးပပျောက်ရေး၊ မြို့နယ်သစ်တောဦးစီးဌာနမှ တောခေါင်း ဦးတိုးဝေလှိုင်က သစ်တောပြုံးတီးမှုမရှိစေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ငဖဲမြို့နယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စခန်းမှူးဒုရဲမှူးဇော်ဝင်းက မှုခင်းလျော့နည်းကျဆင်းရေးနှင့် ဘိန်းစိုက်ပျိုးမှုမပြုရန် ၊ ဘိန်းစိုက်ပျိုးပါက ဥပဒေနှင့်အညီအရေးယူခံရနိုင်ကြောင်း ၊ ဘိန်းအစား အခြားဝင်ငွေကောင်းသည့် အစားထိုးသီးနှံများစိုက်ပျိုးရန်နှင့် ဘိန်းမျိုးစေ့များရှိပါက အပ်နှံပေးရန်တို့ကို ရေဖြူကျေးရွာမှ တောင်သူများအား အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။
မယု
https://t.me/MyanmarNationalPost
No comments:
Post a Comment