မွန်ပြည်နယ်အတွင်း အဂတိလိုက်စားမှုတာဆီးကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မှုများ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းတက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ်အတွင်း အဂတိလိုက်စားမှုတာဆီးကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မှုများ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းတက်ရောက်


MNP ၊  ဒီဇင်ဘာ ၁

မွန်ပြည်နယ်အတွင်း အဂတိလိုက်စားမှုတာဆီးကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှုများ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ  မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများတက်ရောက်ခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းက နိုင်ငံတစ်နိုင်ငံအနေဖြင့် ကောင်းမွန်သောအစိုးရ၊ သန့်ရှင်းသောအစိုးတစ်ရပ်ဖြစ်တည်လာရေးကို အများပြည်သူများလိုလားတောင်းတလျက်ရှိကြောင်း၊ အဂတိလိုက်စားမှုနဲ့စပ်လျဉ်းပြီး နည်းလမ်းပေါင်းစုံနဲ့ ထိန်းကျောင်းနေသော်လည်း လူတို့ရဲ့ဆန္ဒ၊ လူ့သဘောသဘာဝအရ ဆက်လက်တည်ရှိနေတာကို တွေ့မြင်ရမှာဖြစ်ပြီး နည်းပါးရန်၊ လျော့ပါးရန်အတွက် ထိန်းချုပ်ကာကွယ် တားဆီးဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ကြောင်း၊ အဂတိလိုက်စားမှု လျော့နည်းစေရေးအတွက် ကျယ်ကျယ်ပြန့်ပြန့်အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်သွားဖို့ လိုအပ်မှာဖြစ်သည့်အပြင် အဂတိလိုက်စားမှုဖြစ်နိုင်ချေများတဲ့ နေရာများကိုလည်း ဆန်းစစ်သွားဖို့လိုအပ်မှာဖြစ်ကြောင်း၊ ပြည်နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့များအနေနဲ့ပြည်သူများကိုအသိ ပညာကြွယ်ဝအောင်၊ အဂတိလိုက်စားမှုလျော့နည်းပပျောက်သွားအောင်၊ မဖြစ်သင့်သည်များမဖြစ်အောင်အဘက်ဘက်က နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက်မွန်ပြည်နယ်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူးဦးတိုးဝင်းမှ ပြည်နယ်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ဖွဲ့စည်းမှု၊ မူဝါဒပိုင်းဆိုင်ရာညှိနှိုင်းဆောင်ရွက်မှု၊ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီးတက်ရောက်လာသူများမှ ရှင်းလင်းဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။


ခင်စန်းမြင့်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)