MNP - ဒီဇင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပြည်ထောင်စုလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်၁၀နာရီတွင် ပြုလုပ်ကြောင်းသိရသည်။
အစည်းအဝေးတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မိုးသီဟကျော်က TCRC အစည်းအဝေး အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ သဘောထားများအား ဆွေးနွေးတင်ပြပေးရန်ပြောကြားရာ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ယုဒါရီက မြို့နယ်အတွင်းရှိ မူလတန်ကြိုကျောင်းများ ဖွင့်လှစ်ထားရှိမှုအခြေအနေ စည်းကမ်းသတ်မှတ်ချက်များ စာရင်းကောက်ယူမ ှုအခြေအနေများ မှတ်ပုံတင်ထားရှိမှု အခြေအနေများအား ရှင်းလင်းဆွေးနွေး၍ မြို့နယ်တရားသူကြီးကလည်း သဘောထားအမြင်အား ဆွေးနွေးတင်ပြရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က လိုအပ်သည်များ ဖြည်စွက်ဆွေးနွေးပေးကြောင်း သိရသည်။
အစည်းအဝေးသို့ မြို့နယ်ကလေးသူငယ်စောင့်ရှောက်ရေး ကော်မတီဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
သတင်း - သန်းသန်းအေး
မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:
إرسال تعليق