မြောက်ဦးမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ




MNP -   ဒီဇင်ဘာ  ၂၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မ တီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးစိုးစိုးသက် က အဖွင့်အမှာစကားပြောကြားခဲ့သည်၊၊


 လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး     ဒေါ်လင်းလင်းမော်  မှကလေးသူငယ်မှု ခင်းများ၊ ကာကွယ်စောင့် ရှောက်ရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ပေး နေ သည့် အခြေအနေများ၊ ရှေ့ဆက်ဆောင် ရွက်မည့်အစီအမံများကို ရှင်းလင်းပြောကြား ခဲ့သည်။


ထို့နောက် တက်ရောက်လာကြသော ဌာန ဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနများအလိုက်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဆောင် ရွက်နေသည့် ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြရာ လိုအပ်သည်များကို မြို့နယ်ကလေး သူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဌ မှ ပေါင်းစပ် ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။        

                                       

မြင့်စိုး ၊ စိုးငြိမ်းနိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)