ဆွမ်ပရာဘွမ်မြို့၌(၁)နှစ်အောက်ကလေးငယ်များအားကျန်းမာရေးစစ်ဆေးခြင်းနှင့်ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆွမ်ပရာဘွမ်မြို့၌(၁)နှစ်အောက်ကလေးငယ်များအားကျန်းမာရေးစစ်ဆေးခြင်းနှင့်ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းဆောင်ရွက်

 



MNP - ဒီဇင်ဘာ ၆


ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် (၁)နှစ်အောက် ကလေးငယ်များအား ကျန်းမာရေး စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ယမန်နေ့နံနက် ၁၀နာရီက ဆွမ်ပရဘွမ်မြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းနှင့် (၁)နှစ်အောက် ကလေးငယ်များအား ကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ရာသို့ ဆွမ်ပရာဘွမ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်အေးအေးကျော့နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များသည် ဆွမ်ပရာဘွမ်မြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာနနှင့် ပူးပေါင်းကာ ကလေးငယ်များအား ပေါင်ချိန်ချိန်ပေးခြင်း၊ ဆေးမှတ်တမ်းများ ရေးသွင်းခြင်းဖြင့် ကျန်းမာရေးစစ်ဆေးကာ (၁)နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။


ဆက်လက်၍ ကလေးငယ်မိခင်များကို ဆွမ်ပရာဘွမ်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁) ဒေါ်ဂျေလုဂျာက ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများ ရှင်းလင်းပြောကြားပြီး ဆွမ်ပရာဘွမ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးကျော့နှင့် အဖွဲ့ဝင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များမှ အာဟာရဖြည့် အစားအစာများကို လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)