MNP - ဒီဇင်ဘာ ၁၁
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ရမ်းဗြဲမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ရမ္မာဝတီ Play Boy ဖူဆယ်ဘောလုံးကွင်း၌ ကျင်းပခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်သန်းက (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲ ရွှင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းနှင့် ပတ်သက်ပြီး အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားက အားကစားသစ္စာ အဓိဌာန်ရွတ်ဆိုပြီး RK Dance လူအဖွဲ့မှ အကများ များဖြင့် ကပြဖျော်ဖြေပေးကြသည်။
အဆိုပါဖွင့်ပွဲ အခမ်းအနားသို့ ရမ်းဗြဲမြို့နယ်မှ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဘောလုံးဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။ ပြိုင်ပွဲတွင် ဌာနပေါင်းစုံမှ ပြိုင်ပွဲဝင်အသင်း ၉ သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲကို (၁၀-၁၂-၂၀၂၂)ရက်နေ့မှ(၁၄-၁၂-၂၀၂၂) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - အောင်နိုင်
မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:
إرسال تعليق