သာကေတမြို့နယ်၌ မြို့နယ်ပေါင်းစုံ လှယဉ်ကျေးမယ်နှင့်ကာယအလှမယ် ပြိုင်ပွဲအတွက် မြို့နယ်အဆင့် ပြိုင်ပွဲဝင်များအားရွေးချယ်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သာကေတမြို့နယ်၌ မြို့နယ်ပေါင်းစုံ လှယဉ်ကျေးမယ်နှင့်ကာယအလှမယ် ပြိုင်ပွဲအတွက် မြို့နယ်အဆင့် ပြိုင်ပွဲဝင်များအားရွေးချယ်ကျင်းပ

 




MNP - ဒီဇင်ဘာ ၃


၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွက် ကျရောက်မည့် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ ဆပ်ကော်မတီ နာယကဖလား၊ မြို့နယ်ပေါင်းစုံ လှယဉ်ကျေးမယ်နှင့် ကာယအလှမယ်ပြိုင်ပွဲ ကျင်းပမည်ဖြစ်ရာ မြို့နယ်အဆင့် ဝင်ရောက်ယှဉ်ပြိုင်မည့် လှယဉ်ကျေးမယ်နှင့် ကာယအလှမယ် ပြိုင်ပွဲဝင်များအား၊ ယနေ့ နံနက် ၁၁ နာရီ အချိန်ကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြိုင်ပွဲဝင်ရွေးချယ်ပွဲကို ကျင်းပခဲ့သည်။


မြို့နယ်အဆင့် လှယဉ်ကျေးမယ်နှင့် ကာယအလှမယ်ပြိုင်ပွဲတွင် ပါဝင်ယဉ်ပြိုင်မည့် ပြိုင်ပွဲဝင် (၆)ဦး မှ (၂)ဦးရွေးချယ်ရရှိနိုင်ရေးနှင့် အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးကျော်စွာဝင်း ကြီးကြပ်၍ အဖွဲ့ဝင်များနှင့် မြို့နယ်မိခင်နဲ့ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်ရွေးချယ်ရေးအဖွဲ့မှ ခရိုင်ကျန်းမာရေးဦးစီးမှူး (မြို့နယ်တာဂန်ခံ) ဒေါက်တာခင်သီတာဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများက စည်းကမ်းသတ် မှတ်ချက်အတိုင်း ပြိုင်ပွဲဝင်များအား အရပ်အမြင့်၊ ကိုယ်အလေးချိန်၊ သွေးပေါင်ချိန်၊ ကိုယ်ခန္ဓာကြံခိုင်မှုစသည့်အချက်များဖြင့် ရွေးချယ်ခဲ့ကြသည်။


၂၀၂၃ ခုနှစ်၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ ဆပ်ကော်မတီ နာယကဖလား မြို့နယ်ပေါင်းစုံ လှယဉ်ကျေးမယ်နှင့် ကာယအလှမယ် ပြိုင်ပွဲအတွက် မြို့နယ်အဆင့် ပြိုင်ပွဲဝင်နှစ်ဦး အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့၊ ရွေးချယ်ရေးအဖွဲ့နှင့် ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့တို့ဖြင့် စနစ်တကျဖွဲ့စည်းရွေးချယ်ကာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။


သတင်း - ဆောင်းနှင်းဖြူ


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)