ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေး လူမှုစီးပွားဘဝဖွံဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေး လူမှုစီးပွားဘဝဖွံဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး



MNP - ဒီဇင်ဘာ ၈


ဒေသခံပြည်သူများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများဖွံဖြိုး တိုးတက်လာစေရန် လမ်းပန်းဆက်သွယ်ရေးနှင့် မြို့အင်္ဂါရပ်နှင့်အညီ ဆောင်ရွက်နိုင်ရေးသည် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်နေသည့်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ နံနက် ၇ နာရီက ကျောက်တံတားမြို့နယ်အတွင်းရှိလမ်းများ ရပ်ကွက်များအတွင်း မြို့အင်္ဂါရပ်နှင့်အညီ ဆောင်ရွက်နေမှု လုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများ လိုက်ပါ၍ ကျောက်တံတားမြို့နယ်အတွင်းရှိ၊ ဆူးလေဘုရားလမ်းနှင့် ပန်းဆိုးတန်းလမ်းထိပ် တောင်ဘက်ခြမ်း၊ ကမ်းနားလမ်းတလျောက်၌ မြောင်းချီးများဆယ်ယူခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ နေအိမ်အဆောက်အဦ၌ တွယ်ကပ်သစ်ပင်များ ရှင်းလင်းရေးပြုလုပ်ခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုခဲ့ရာ တာဝန်ရှိသူများ ကရှင်းလင်းတင်ပြခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာသို့ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန်ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ဌာနမှူးများ၊ ကျောက်တံတားခရိုင် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိန်နှင့်အဖွဲ့ဝင်များ၊ လမ်းတံတား၊ ရေစီးရေလာဌာနမှ အင်ဂျင်နီယာများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လိုက်ပါခဲ့ကြောင်း သိရသည်။


သတင်း - လှလှထွေး


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)