MNP ၊ ဒီဇင်ဘာ ၁၃
ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများ မှ လုပ် ငန်းညှိနှိုင်းအစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး အစည်းအဝေးခန်းမ၌ ယနေ့နေ့လည် ၁နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောက်ဦးခရိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးကောင်းမြတ်နိုင်မှ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်ကျရောက်မည့် ရခိုင်ပြည်နေ့တွင် ဌာနဆိုင်ရာရုံးများအားလုံးတွင် မီးအလှဆင်၍ မီးထွန်းကြရန် ၊ ဌာနဆိုင်ရာရုံးများတွင် မိမိတို့ရုံးသန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ်စနေနေ့တိုင်း မိမိတို့ရုံးတွင်း၊ ရုံးပြင် သန့်ရှင်းသာယာလှပအောင် အပတ်စဉ် သန့်ရှင်းရေးများပြုလုပ် ဆောင်ရွက်ကြရန်၊ ဌာနအ သီးသီးမှ ထူးခြားဖြစ်စဉ်များကို အချိန်နှင့်တပြေးညီ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာ နသို့ သတင်းပေးပို့ကြရန်စသည်တို့ကို ပြောကြားခဲ့သည်။
ထို့ နောက် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုးကလည်း စစ်ကြောရေး(၅)ကြောင်း စီမံချက်လုပ်ဆောင်ရာတွင် ယခုထက်ပိုမို၍ သက်ဆိုင်ရာဌာနဆိုင်ရာများမှပေါင်းစပ် ညှိနှိုင်း လုပ်ဆောင်ကြရန်တို့ကိုပြောကြားခဲ့ပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးထွန်းကျော် မှ လည်း မြောက်ဦးမြို့ပေါ်ရှိ ကွန်ကရစ်လမ်းများ ခင်းကျင်းပြီးစီးမှုအ ခြေအနေတို့ကို တို့ကိုပြောကြားခဲ့သည်။ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကြည်ခင်မှ လည်း ရှေ့ဟောင်းဘုရားပုထိုးစေတီများကို နိုင်ငံခြားဧည့်သည်များ ဘုရားဖူးရာတွင်အဆင်ပြေစေရန်အတွက် ဘုရားများပေါ်ရှိ အမှိုက် များ မရှိစေရန် အတွက် ကွင်းဆင်း၍ သန်းရှင်းရေးဆောင်ရွက်နေမှု အခြေအနေ စသည် တို့ကိုပြောကြား ခဲ့ပြီးနောက် ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဌ မှ ခရိုင်အဆင့်ဌာန ဆိုင်ရာ များအနေဖြင့် ပေါင်းစပ် ဆောင် ရွက်ကြရန်တို့ကိုပြောကြားခဲ့ ကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost

ليست هناك تعليقات:
إرسال تعليق