ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ ပြည်နယ်ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ပုံမှန်လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ ပြည်နယ်ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ပုံမှန်လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

 



MNP - ဒီဇင်ဘာ  ၄


ကချင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်  ဒေသဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် တာဝန်ယူဆောင်ရွက်ခဲ့သည့် အချိန်မှ စတင်၍ ပြည်နယ်အေးချမ်းတည်ငြိမ်ရေး၊ အုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများ နှင့်အညီ အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အတူ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းလုပ်ငန်းများကို စဉ်ဆက်မပြတ် အကောင် အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ထို့သို့ လုပ်ငန်းဆောင်ရွက်ကြသည့်အခါ တွေ့ကြုံ လာသည့် အားနည်းချက်၊ အားသာချက်များကို ယခုလို ဆွေးနွေးပေါင်းစပ်ညှိနှိုင်းခြင်းအားဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။


ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေး၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် ကဏ္ဍအလိုက် စီမံကိန်းလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်း များနှင့် လိုအပ်ချက်၊ အခက်အခဲများ၊ ပေါင်းစပ်ညှိနှိုင်းပေးရမည့် ကိစ္စရပ်များအပေါ် ပါဝါပွိုင့်များဖြင့် ရှင်းလင်းတင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးများက သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် လုပ်ငန်း ဆောင်ရွက်နေမှုများကို သုံးသပ်ရှင်းလင်းဆွေးနွေးကြသည်။


တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ရင်းနှီးမတည်ပေးသည့် ငွေကျပ် ၈ ဘီလီယံဖြင့် စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်မှုများ အရှိန်အဟုန်မပြတ် ကြီးကြပ်ဆောင်ရွက်သွားကြရေးနှင့် လုပ်ငန်း ကဏ္ဍအလိုက် အားနည်းချက်၊ အားသာချက်များအပေါ် ဖြည့်စွက်ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)