မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာ‌ကော်မတီ ဉက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် ပြေးခုန်ပစ်(ကျား/မ)ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာ‌ကော်မတီ ဉက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် ပြေးခုန်ပစ်(ကျား/မ)ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

 



MNP - နိုဝင်ဘာ   ၃၀


မန္တလေးတိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း ကျင်းပသော ၂၀၂၂ ခုနှစ်၊ အားကစားနှင့် ကာယပညာ‌ကော်မတီ ဉက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် ပြေးခုန်ပစ်(ကျား/မ)ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ် အောင်မြေမန္တလာ အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ ပြိုင်ပွဲကို  အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစောနေမင်းထွန်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မန္တ‌လေးခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မိုး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ပြေးခုန်ပစ် ဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ နည်းပြများ၊ အုပ်ချုပ်သူများနှင့် အသင်းသားများ၊ မြို့ပေါ်ရှိ ပြေးခုန် ပစ်အားကစား ဝါသနာရှင် မိဘပြည်သူများ တက်ရောက်ခဲ့ကြပြီး (အောင်မြေသာစံ၊ပုသိမ်ကြီး၊ ချမ်း‌အေးသာစံ၊ မဟာ‌အောင်မြေ၊ ပြည်ကြီးတံခွန်၊ အမရပူရ၊ ပြင်ဦးလွင်၊ သာစည်၊ကျောက်ဆည်မြို့နယ်) စုစုပေါင်း(၁၀)မြို့နယ်မှ အားကစားသမားများ ပါဝင် ယှဉ်ပြိုင်ကြောင်း သိရသည်။


ပြိုင်ပွဲကို ၂၉-၁၁-၂၀၂၂ရက်နေ့မှ ၁-၁၂-၂၀၂၂ရက်နေ့အထိ (၃)ရက်တာကျင်းပသွားမည်ဖြစ်ပြီး (ပထမဆုကျပ်(၁)သောင်း၊ဒုတိယဆုကျပ် (၇၀၀၀)၊တတိယဆု ကျပ်(၅၀၀၀)အား နေ့စဉ်ဆုရ အားကစားသမားများအား  အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစောနေ မင်းထွန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့် သိမ့်မိုးနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီးပေး အပ်ချီးမြှင့်ခဲ့ကြသည်။


အဆိုပါ ၂၀၂၂ ခုနှစ်၊ အားကစားနှင့် ကာယပညာ‌ကော်မတီ ဉက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် ပြေးခုန်ပစ်(ကျား/မ)ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို မြို့နယ်များရှိ အားကစားဝါသနာရှင်များမှ ပြိုင်ပွဲဝင်အသင်းများ အုပ်ချုပ်သူ/နည်းပြများနှင့် ကျား(၈၀)ဦး၊မ (၈၀)ဦး စုစုပေါင်း(၁၆၀)ဦးခန့် ဝင်ရောက် ယှဉ်ပြိုင်ကြကြောင်းနှင့် ပြိုင်ပွဲကို နိုဝင်ဘာ ၂၉ရက်မှ ဒီဇင်ဘာ ၁ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်‌ကြောင်း  သိရသည်။  


သတင်း - အောင်ဇော်မင်း


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)