MNP - ဒီဇင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်နိုင်ရန်အတွက်၊ ဌာနဆိုင်ရာများပူးပေါင်းပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့်၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံညှိနှိုင်းပွဲကို၊ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က တံခါးမကျေးရွာအုပ်စု၊ တံခါးမ ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းတွေ့ဆုံရာတွင် ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့် နိုင်ငံတော်အေးချမ်းတည်ငြိမ်ရေး ဆောင်ရွက်ပေးနေမှုအခြေ အနေများကိုရှင်းလင်းပြောကြားပြီး၊ ဌာနဆိုင်ရာ များပူးပေါင်းပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွင်းဆင်းလာရောက်ရသည့် အကြောင်းကို ရှင်းလင်းပြောကြားသည်။ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်သည့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမင်း၊ ဗိုလ် မှူး နောင်ထွန်းနီတို့က နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းတည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်သွားရမည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးကြပြီး၊ အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် စီမံကိန်း၊ မီးသတ်၊ ကော်မရှင်၊ ပြန်/ဆက်၊ ကျန်းမာရေး၊ ပညာရေး၊ကျေး လက်လမ်း၊ ကျေးလက်ဖွံ့ဖြိုးရေး၊ မွေး/ကု၊ စိုက်ပျိုးရေး၊ လူဝင်မှုကြီးကြပ်ရေး အစရှိသည့်ဌာနများက ဒေသဖွံ့ဖြိုးရေး ပူးပေါင်း ဆောင်ရွက်သွားနိုင်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကြသည်။ယင်းနောက် တက်ရောက်လာသည့် ဒေသခံပြည်သူများ၏ တင်ပြမေးမြန်းမှုများအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး၊ တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။
တွေ့ဆုံဆွေးနွေးပွဲအပြီးအတွင် အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ် ဆေးထိုး(၁၈)ဦး၊ ဖျားနာလူနာ(၁၅)ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မွေးတိုး(၁၃)ဦး၊ သေဆုံး ထုတ်ပယ်(၃)ဦးတို့ကို ဝန်ဆောင်မှုပေးခဲ့ကြောင်းသိရပြီး၊ တွေ့ဆုံပွဲသို့ ဌာနဆိုင်ရာ (၃၅)နှင့်ကျေးရွာ ပြည်သူ(၁၃၇)ဦး၊ စုစုပေါင်း(၁၇၂)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း - နေအောင်
မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:
إرسال تعليق