လေးမျက်နှာမြို့နယ် ရှမ်းရွာကျေးရွာအုပ်စု၊ ဇင်ပြွန်းကုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း (ဆီထွက်သီးနှံ) ချေးငွေများ နေ့ချင်းပြီး ထုတ်ချေး - Myanmar National Post

Myanmar National Post

News Agency

Breaking

လေးမျက်နှာမြို့နယ် ရှမ်းရွာကျေးရွာအုပ်စု၊ ဇင်ပြွန်းကုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း (ဆီထွက်သီးနှံ) ချေးငွေများ နေ့ချင်းပြီး ထုတ်ချေး



MNP - နိုဝင်ဘာ ၃၀


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ရှမ်းရွာကျေးရွာအုပ်စု ဇင်ပြွန်းကုန်း ကျေးရွာတွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ စတင်အကောင် အထည်ဖော်ဆောင်ရွက်သည့် မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) ချေးငွေများကို ယနေ့နံနက်ပိုင်း၌ နေ့ချင်းပြီးထုတ်ချေးပေးခဲ့သည်။


ရှမ်းရွာကျေးရွာအုပ်စု၊ ဇင်ပြွန်းကုန်းကျေးရွာရှိ ဆောင်းနေကြာသီးနှံစိုက်ပျိူးသည့် တောင်သူ (၇၇) ဦးအား ချေးငွေကျပ် (၁၉၆) သိန်းကို အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ထုတ်ချေးခဲ့ခြင်းဖြစ်သည်။ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြစိမ်းရောင် စီမံကိန်း (ဆီထွက်သီးနှံ) ဆောင်းသီးနှံနေကြာအပါအဝင် ဆီထွက်သီးနှံ စိုက်ပျိူးသော တောင်သူများ လိုအပ်လျက်ရှိသည့် မျိူးစေ့၊ သွင်းအားစုနှင့် စိုက်ပျိူးစရိတ်များ ဝယ်ယူသုံးစွဲနိုင်ရေး အတိုးနှုန်းသက်သာသော ချေးငွေများ ပံ့ပိုးပေးနိုင်ရန်ရည်ရွယ်၍ အကောင်အထည် ဖော်ဆောင်ရွက် ခြင်းဖြစ်ပြီး ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိူးရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် နေကြာအပါအဝင် ဆီထွက်သီးနှံများ စိုက်ပျိူးသော ကျေးရွာအတွင်းရှိ တောင်သူများအား မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြင့် ချေးငွေထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း သိရသည်။


မြစိမ်းရောင်ကျေးရွာ စီမံကိန်း (ဆီထွက်သီးနှံ) ဆောင်ရွက်မည့် ကျေးရွာများကို နိုင်ငံတော်မှ ဆီထွက်သီးနှံ စိုက်တောင်သူ (၁၀၀) ဦးနှင့်အထက်ရှိသော ကျေးရွာတစ်ရွာလျှင် မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း (၃၀၀) ထုတ်ချေးပေးမည်ဖြစ်ပြီး တောင်သူ ၅၀ဦးမှ ၁၀၀ဦးအကြားရှိ ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း (၂၀၀) ၊ တောင်သူ ၅၀ဦးအထိရှိသော ကျေးရွာ တစ်ရွာလျှင်ကျပ်သိန်း (၁၀၀) ထုတ်ချေးပေးသွားမည် ဖြစ်သည်။ လေးမျက်နှာမြို့နယ်တွင် မြစိမ်းရောင် ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ကို ယခုဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ပြီး လေးမျက်နှာမြို့နယ်၌ စီမံကိန်းကျေးရွာ (၉) ရွာထိရှိကြောင်း သိရသည်။


သတင်း - ကျော်ဟိန်း 


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)