မုံရွာမြို့ ပြည်သူ့အားကစားကွင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၂-ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အကြိုသီချင်းဆိုပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မုံရွာမြို့ ပြည်သူ့အားကစားကွင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၂-ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အကြိုသီချင်းဆိုပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပ

 



MNP - ဒီဇင်ဘာ  ၂


တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်းပြီး စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၂-ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အကြိုသီချင်းဆိုပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းက မုံရွာမြို့ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ ၂၀၂၂-ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် အဆိုပြိုင်ပွဲ၊ ဂိုးဘောပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲများကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်ရှိ ရောင်ခြည်သစ်ပရဟိတ မျက်မမြင်ပညာကျောင်းနှင့် ချမ်းမြဝတီ မသန်စွမ်း ဘက်စုံဖွံ့ဖြိုးရေး သင်တန်းကျောင်းတို့မှ အဆိုဝါသနာရှင်များနှင့် အားကစားသမားများက စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည်။


 ပြိုင်ပွဲများအလိုက် ပြိုင်ပွဲဝင်များ ပါဝင်ယှဉ်ပြိုင်မှုတို့အား တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးနှင့် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်မည့် ၂၀၂၂-ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားတွင် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)