ဂွမြို့တွင် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့တွင် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနိုင်းအစည်းအဝေးပြုလုပ်


MNP ၊ ဒီဇင်ဘာ   ၉

ရခိုင်ပြည်နယ် ၊ သံတွဲခရိုင်၊ ဂွမြို့တွင်  ၂၀၂၂ ခုနှစ် ၊ဒီဇင်ဘာ (၁၅)ရက်နေတွင် ကျရောက်မည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်း ညှိနိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။ 


အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်က ၂၀၂၂ ခုနှစ် ၊ဒီဇင်ဘာ (၁၅)ရက်နေ့တွင် ကျရောက်မည့် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ရေးအတွက်ဆောင်ရွက်မည့် အစီအစဉ်များ ၊ ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများအတွက် ဆုချီးမြှင့်မည့်အစီအစဉ်များ၊ မြို့နယ်ထူးချွန်အားကစားသမား တစ်ဦးအား ဆုချီးမြှင့်မည့် အစီအစဉ်နှင့် ယိမ်းအကဖြင့်ဖျော်ဖြေတင်ဆက်မည့် အစီအစဉ်များအား တက်ရောက် လာ သူများက  ဆွေးနွေးပေး ကြစေ လိုကြောင်းနှင့်  ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အကြို  လူထုလမ်းလျှောက်ပွဲဆင်နွှဲနိုင်ရေးနှင့်  လမ်းလျှောက်ပွဲဆင်နွှဲမည့် လူထုအတွက် မုန့်နှင့်ကော်ဖီ ကျွေးမွေးနိုင်ရေးတို့ကို ဌာနဆိုင်ရာများက စုပေါင်း၍ စီစဉ်ဆောင်ရွက်သွားနိုင်ရေး  စသည့် တို့ကို ပြောကြားခဲ့သည်။ 


ထို့နောက် မြို့နယ်အား/ကာဦးစီးမှူး ဦးကျော်မင်းလွင်က (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အကြို ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပမည့် အခြေအနေနှင့် အခမ်းအနားတွင် ဆုများထည့်သွင်း   ချီးမြှင့်နိုင်ရေးအတွက် ဆောင်ရွက်ထားသည့် အစီအမံများ၊ လူထုလမ်းလျှောက်ပွဲတွင် ဒီဇင်ဘာလ(၁၀)ရက်နေ့နှင့် (၂၄)ရက်နေ့များတွင် သိမ်ကုန်းဘုရားရှေ့၌ စုရပ်ထားရှိပြီး  ကျော်ဇံဆီဆိုင်အထိ၊ ကျော်ဇံဆီဆိုင်မှ မြို့နယ်အားကစားကွင်းအထိ လမ်းလျှောက်ရန်နှင့် ဒီဇင်ဘာလ (၁၇)ရက်နေ့နှင့် (၃၁)ရက်နေ့များတွင် မြို့နယ်ထွေ/အုပ်၌ စုရပ်ထားရှိပြီး  ကိုးလောင်းကွေ့ ဘုရားကုန်းအထိ၊ ကိုးလောင်းကွေ့ဘုရားကုန်းမှ မြို့နယ်အားကစားကွင်းအထိ လမ်းလျှောက်ရန် အစီအစဉ်များအားရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက  လုပ် ဆောင်မည့် လုပ်ငန်း တာဝန် များအား အသီးသီး ဆွေးနွေး တင် ပြကြရာ  တင်ပြချက်များ အပေါ်  မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)