အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်အား လွတ်ငြိမ်းချမ်းသာခွင့်ပြုရန် နိုင်ငံတော် အကြီးအကဲများထံ လက်မှတ်ရေးထိုး တင်ပြတောင်းဆိုသွားမည်ဟုဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်အား လွတ်ငြိမ်းချမ်းသာခွင့်ပြုရန် နိုင်ငံတော် အကြီးအကဲများထံ လက်မှတ်ရေးထိုး တင်ပြတောင်းဆိုသွားမည်ဟုဆို



MNP ၊ ဒီဇင်ဘာ ၂

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုရန် နိုင်ငံတော် အကြီးအကဲများထံ အမျိုးသားရေးအင်အားစုများအနေဖြင့် လက်မှတ်ရေးထိုး တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။


နေပြည်တော်အမျိုးသားရေးအင်အားစုအနေဖြင့် NLD အစိုးရလက်ထက်တွင် ဖမ်းဆီးထောင်ချခြင်းခံခဲ့ရသော ဦးစိုးထွန်းရှိန်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပြုနိုင်ရန် လက်မှတ်ရေးထိုး တင်ပြတောင်းဆိုဖို့ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း အမျိုးသားရေးလှုပ်ရှားသူ ဦးညီညီ က "အမျိုး ဘာသာ သာသနာအတွက် တကယ်ကို လုပ်ခဲ့လို့ သူ့ကို NLD အစိုးရက ဖမ်းဆီးထောင်ချခဲ့တာ။ ဥပဒေအရ ဆောင်ရွက်လို့ ရတဲ့ကိစ္စတွေ ရှိကောင်းလည်း ရှိမယ်ပေါ့ဗျာ။ တိုင်းပြည်ကို အကျိုးပြုနေသူတစ်ဦးနဲ့ ညှိနှိုင်းဆောင်ရွက်လို့ ရတဲ့အပိုင်းတွေလည်း ရှိမယ်လို့ မြင်ပါတယ်။ အဓိက အားဖြင့်တော့ ဦးစိုးထွန်းရှိန် အနေနဲ့ မဘသ အဖွဲ့ကြီးကို လှူဒါန်းထောက်ပံ့တာ၊ မဟော်သဓာကျောင်းတော်ကြီးတွေ တည်ဆောက်နိုင်အောင် ပံ့ပိုးပေးခဲ့တာတွေအပေါ်မှာ NLD အစိုးရက လုံးဝမလိုလားတဲ့ သဘောဖြစ်တယ်။ ဆရာတော်ကြီးတွေကိုတောင် ပြဿနာရှာခဲ့သေးတာပဲဗျာ။ မဘသ ဖျက်သိမ်းမယ်ဆိုတော့ ဆရာတော်ကြီးတွေ ဘယ်လောက် ဝမ်းနည်းပူးဆွေးခဲ့ရလဲ။ လုပ်လို့မရလို့။ ဦးစိုးထွန်းရှိန် ကို ကြတော့ လုပ်လို့ရမယ့် အပေါက်ကို ရှာတာပေါ့ဗျာ။ နိုင်ငံတော်ကို ပေးသွင်းရန် ပျက်ကွယ်တယ်ဆိုတဲ့ကိစ္စတွေလည်း ရှိမှာပေါ့။ ဒါတွေကို ပြန်လည်သုံးသပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အကြီးအကဲများအနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပြုဖို့ကို တောင်းဆိုသွားမှာပါ။" ဟု ပြောသည်။


ဦးစိုးထွန်းရှိန်အား လွတ်ငြိမ်းချမ်းသာခွင့်ပြုရန် နိုင်ငံတော်အကြီးများထံ မေတ္တာရပ်ခံ တောင်းဆိုချက်ကို ရေးသားပြီး ပူပေါင်းပါဝင် လက်မှတ်ရေးထိုးလိုသူများအနေဖြင့် လက်မှတ်ရေးထိုးတောင်းဆိုရာတွင် ဆရာတော်သံဃာတော်များရော၊ လူပုဂ္ဂိုလ်များပါ ပါဝင်နိုင်အောင် လက်မှတ်များ စုဆောင်းပြီး နေပြည်တော် အမျိုးသားရေးအင်အားစုအနေဖြင့် စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost 

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)