ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံဧက သုံးသောင်းကျော် လျာထားစိုက်ပျိုး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံဧက သုံးသောင်းကျော် လျာထားစိုက်ပျိုး

 



MNP - ဒီဇင်ဘာ ၅


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန် ရည်ရွယ်၍ ယခု ၂၀၂၂ - ၂၀၂၃ ခုနှစ် ၊ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ တစ်မြို့နယ်လုံး ဆီထွက်သီးနှံဧက သုံးသောင်းကျော် လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။


"ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီကာလမှာ ပွင့်ဖြူမြို့နယ်အနေနဲ့ ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရန် ၊ ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်နဲ့ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်ရည်ရွယ်ပြီး နှမ်း၊ မြေပဲ၊ နေကြာ၊ ပန်းနှမ်း စတဲ့ ဆီထွက်သီးနှံဧက သုံးသောင်းကျော်ကို လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိပါတယ်။ စိုက်ဧက အတိအကျဆိုရင် ဆောင်းနှမ်းစိုက်ဧက ၄၀၄၂ ဧက၊ ဆောင်းမြေပဲစိုက်ဧက ၄၃၅ ဧက၊ ဆောင်းနေကြာ စိုက်ဧက ၂၆၇၅၅ ဧကနဲ့ ပန်းနှမ်းစိုက်ဧက ၁၁၅ ဧက၊ စုစုပေါင်း ဆီထွက်သီးနှံဧက ၃၁၃၄၇ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီလို ဆီထွက်သီးတွေ စိုက်ပျိုးရာတွင်လည်း ဒေသခံတောင်သူတွေ စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး အခက်အခဲမဖြစ်စေဖို့အတွက် တောင်သူအသိပညာပေး လုပ်ငန်းများကို နယ်မြေအလိုက် တာဝန်ခံကွင်းဝန်ထမ်းတွေက လယ်ယာမြေစိုက်ခင်းများအရောက် ကွင်းဆင်းပြီးတော့ ဆောင်ရွက်ပေးထားပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေးလုပ်ငန်းအတွက် အဆင်ပြေအောင် ယူရီးယားဓာတ်မြေဩဇာအိတ်များကို သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချခြင်းများ ဆောင်ရွက်ပေးထားပါတယ်။  လက်ရှိမှာ စိုက်ပျိုးပြီးစီးမှုဧကအနေနဲ့ဆိုရင် မြေပဲသီးနှံ ၃၁၀ ဧက၊ နှမ်း ၆၃၁၃ ဧက၊ နေကြာ ၃၇၃ ဧက၊ ပန်းနှမ်း ၁ ဧက၊ စုစုပေါင်း ၆၉၉၇ ဧက စိုက်ပျိုးပြီးစီး သွားပြီဖြစ်ပါတယ်။ အဲဒီထဲမှာ နှမ်းသီးနှံကတော့ လျာထားသတ်မှတ်ဧကထက် ပိုမိုကျော်လွန် စိုက်ပျိုးနိုင်ခဲ့ပါတယ်။ စိုက်ပျိုးရန်ကျန်ရှိတဲ့ ဆီထွက်သီးနှံများကိုလဲ သတ်မှတ်လျာထားဧက ပြည့်မီရေးအတွက် တောင်သူတွေအနေနဲ့ ကြိုးပမ်းဆောင်ရွက်နေပါတယ်" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောကြားသည်။


ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများသည် နှစ်စဉ် ဆောင်းသီးနှံစိုက်ပျိုးရာသီကာလတွင် သီးနှံဝင်ငွေတိုးပွားစေရေးအတွက် ဈေးကောင်းရရှိသည့်  မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း စသည့် ဆီထွက်သီးနှံများကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရပြီး စိုက်ပျိုးရေပေါကြွယ်ဝမှုနှင့် စိုက်ပျိုးမြေကောင်းမွန်မှုကြောင့် စိုက်ပျိုးသမျှ သီးနှံစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။ 


သတင်း - လှိုင်ဝင်းလေး


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)