သံတွဲမြို့ အောင်သုခဆရာတော်ဘုရားကြီး၏ လွမ်းစေတီဌာပနာပိတ်ပွဲနှင့် ရွှေထီးတော်တင်မင်္ဂလာဗုဒ္ဓဘိသေကအနေကဇာတင် အောင်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သံတွဲမြို့ အောင်သုခဆရာတော်ဘုရားကြီး၏ လွမ်းစေတီဌာပနာပိတ်ပွဲနှင့် ရွှေထီးတော်တင်မင်္ဂလာဗုဒ္ဓဘိသေကအနေကဇာတင် အောင်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

 



MNP - ဒီဇင်ဘာ  ၅


သံတွဲမြို့ အောင်သုခဆရာတော်ဘုရားကြီး၏ လွမ်းစေတီဌာပနာပိတ်ပွဲနှင့် ရွှေထီးတော်တင် မင်္ဂလာဗုဒ္ဓဘိသေကအနေကဇာတင် အောင်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက သံတွဲမြို့ အောင်သုခဓမ္မရိပ်သာခွဲ၊ အောင်မြေသာစည်တရားစခန်းဓမ္မာရုံအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။


ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသော သံဃာတော်အရှင်မြတ်များနှင့် ဧည့်ပရိသတ်များက နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပေးကြပြီး တောင်ကုတ်မြို့၊ ကိုင်းရှည်ရပ်ကွက်၊ စေတျာရာမကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသူရိယဓဇ (အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက) အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။


ဆက်လက်၍ ကြွရောက်လာကြသော သံဃာတော်အရှင်မြတ်များက ပရိတ်တရားတော်များ ချီးမြှင့်ခြင်း၊ အလှူရှင်များက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ပြီး တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်၊ ကံပိုင်မဟာဝိဟာရကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တ ဣန္ဒာစာရ (အဂ္ဂမဟာဂန္တဝာစကပဏ္ဍိတ) အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာကြားပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ပါသည်။ ၎င်းနောက် အခမ်းအနားသို့ ကြွရောက်လာကြသော သံဃာတော်အရှင်မြတ်များနှင့် ဧည့်ပရိသတ်များက ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းပြီး အလှူရှင်များက ရတနာရွှေမိုးငွေမိုးများ ရွာသွန်းပေးခဲ့ကြောင်း သိရသည်။


သတင်း - စန္ဒာကြည်


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)