ဒေသဝမ်းစာ ဖူလုံစေရန် လယ်မြေနှင့်ပတ်သက်ပြီး အခြားနည်းသုံးစွဲခွင့်များကို တင်ပြခြင်းမပြုကြရန် ရှမ်းပြည်နယ်ဝန်ကြီးချုပ် မှာကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒေသဝမ်းစာ ဖူလုံစေရန် လယ်မြေနှင့်ပတ်သက်ပြီး အခြားနည်းသုံးစွဲခွင့်များကို တင်ပြခြင်းမပြုကြရန် ရှမ်းပြည်နယ်ဝန်ကြီးချုပ် မှာကြား





MNP ၊ ဒီဇင်ဘာ  ၃

ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေး အမှတ်စဉ် (၇/ ၂၀၂၂)နှင့် ပြည်နယ်မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီအစည်းအဝေး အမှတ်စဉ် (၇/ ၂၀၂၂)ကို ယမန်နေ့က တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးအမှတ်စဉ် (၇/ ၂၀၂၂)အခမ်းအနားတွင် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာကျော်ထွန်းက ယခုကျင်းပပြုလုပ်သည့် အစည်အဝေးမှာ ၂၀၂၂ ခုနှစ်၊ သတ္တမအကြိမ်မြောက် အစည်းအဝေး ဖြစ်ပြီး ပြည်သူများတင်ပြလာသည့် မြေယာကိစ္စရပ်များနှင် မြေလွတ်၊ မြေရိုင်းလုပ်ကိုင်ခွင့် ကိစ္စများကိုလည်း အဖွဲ့ဝင်များမှ တင်ပြလာသည့် လုပ်ငန်းအမျိုးအစားအလိုက် ပြဋ္ဌာန်းထားသည့် ဥပဒေလုပ်ထုံး၊ လုပ်နည်းများနှင့်အညီ ခွင့်ပြု သင့်/ မသင့် အကြုံပြုပေးကြရန် ပြောကြားလိုပါကြောင်း၊ ပြည်သူများတင်ပြလာသည့်လုပ်ငန်းများ မြန်မြန်ဆန်ဆန် ဆုံးဖြတ်ပေးနိုင်ရေးအတွက် ခရိုင်/ မြို့နယ် လယ်စီအဖွဲ့အဆင့်ဆင့်နှင့် သက်ဆိုင်ရာဌာနများက လျှောက်ထားသည့် လုပ်ငန်းအမျိုးအစားအလိုက် စိစစ်ရမည့် အချက်များနှင့် ပါရှိရမည့် အထောက်အထားများကို သေသေချာချာ စိစစ်ဆောင်ရွက်ပေးကြရန် ပြည်နယ် လယ်စီနှင့် ပြည်နယ်မြေလွတ်၊ မြေရိုင်းရုံးအဖွဲ့များကိုလည်း ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ရုံးခန်းဖွင့်ပြီး သက်ဆိုင်ရာဌာနများမှ ဝန်ထမ်းများနှင့် လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီ အနေဖြင့် ခွင့်ပြုပေးနိုင်သည့် ကိစ္စရပ်များကို အမြန်ဆုံးဆုံးဖြတ်ပြီး ပြည်နယ်အစိုးရအဖွဲ့၏ သဘောထား ရယူ၍ ခွင့်ပြုပေးသလို ဗဟိုလယ် ယာမြေစီမံခန့်ခွဲ့မှုအဖွဲ့နှင့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီသို့ ဆက်လက်တင်ပြရမည့် ကိစ္စရပ်များကို အမြန်ဆုံးထောက်ခံတင်ပြ ဆောင်ရွက်နေသည့် အကြောင်း အလေးအနက်ထားပြောကြားလိုပြီး ဒေသဝမ်းစာ ဖူလုံစေရန် လယ်မြေနှင့်ပတ်သက်ပြီး အခြားနည်းသုံးစွဲခွင့်များကို တင်ပြခြင်းမပြုကြရန်မှာကြားလိုကြောင်း ပြောကြားသည်။


ဆက်လက်၍ အစည်းအဝေးဆုံးဖြတ်ချက်များကို လယ်ယာမြေစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၆/ ၂၀၂၂) ဆုံးဖြတ်ချက်များ၊ မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၆/ ၂၀၂၂) ဆုံးဖြတ်ချက်များအား ဖတ်ကြားအတည်ပြုပြီး ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၇/ ၂၀၂၂)တင်ပြချက်များနှင့် မြေယာအယူခံမှုများ တင်ပြ ဆွေးနွေးပြီး  ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၇/၂၀၂၂) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်ကြ၍ အထွေထွေဆွေးနွေးကြကာ ပြည်နယ်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်း သိရသည်။


မောင်မောင်သန်း(တောင်ကြီး)

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)