မိုးညှင်းမြို့နယ် မလွန်ဈေးဆန်လှူအသင်းထောက်အဖွဲ့မှ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးညှင်းမြို့နယ် မလွန်ဈေးဆန်လှူအသင်းထောက်အဖွဲ့မှ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေး

 



 MNP - ဒီဇင်ဘာ ၅


ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် မလွန်ဈေးဆန်လှူအသင်း၏ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီခွဲက မိုးညှင်းမြို့ စိမ်းရတနာမွန် တောင်ရပ်ကွက်ရှိ အသင်းဥက္ကဋ္ဌ ဦးတင်လှိုင်၏ နေအိမ်၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် မိုးညှင်းမြို့နယ် မလွန်ဈေးဆန်လှူအသင်းထောက် နာယကဦးအောင်ပြည့်က အမှာစကားပြောကြားပြီး အသင်းဥက္ကဋ္ဌ ဦးတင်လှိုင်မှ ဆွမ်းဆန်အိတ်များ ဖြန့်ဝေထားမှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြခဲ့သည်။


ထို့နောက် ဘဏ္ဍာရေးမှူး ဦးခင်မောင်ကြူမှ အသင်းဘဏ္ဍာရေးအခြေအနေနှင့် အသင်းပိုင် မော်တော်ယာဉ်၏ ကြံ့ခိုင်မှုအ‌ခြေအနေတို့အား ရှင်းလင်းပြောကြားကာ အခမ်းအနားသို့ တက်ရောက်လာကြသူများမှ အသီးသီးအကြံပြုဆွေးနွေးခဲ့ကြပြီး အသင်းဥက္ကဋ္ဌ ဦးတင်လှိုင်မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ရွှေမိုးညှင်း


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)