MNP ၊ ဒီဇင်ဘာ၁၅
ရခိုင်ပြည်နယ် မာန်အောင်မြို့၌၂၀၂၂-ခုနှစ်ဒီဇင်ဘာလ၁၅ရက်နေ့တွင်ကျရောက်သည့် (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ယနေ့ နံနက်၈နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သည့်(၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းကဖတ်ကြားသည်။
ထို့နောက် (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ဘောလုံး၊ဘော်လီဘော၊ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲများတွင် ဆုရရှိသည့်အသင်းများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာနှင့်ဝန်ထမ်းများ၊မြို့မိမြို့ဖများ၊အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊အားကစားပြိုင်ပွဲတွင်ဆုရရှိသူများ ၊စုစုပေါင်း၁၅၀ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost





ليست هناك تعليقات:
إرسال تعليق