Pages

Pages

နောင်မွန်းမြို့နယ်၌ (၇၃)နှစ်မြောက် ရဝမ်အမျိုးသားနေ့ကို ပထမဆုံးအကြိမ် စည်ကား သိုက်မြိုက်စွာ ကျင်းပ

 



MNP - ဒီဇင်ဘာ ၁၀


ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် အမျိုးသားရေးစိတ်ဓါတ် မြင့်မာလာပြီး စည်းလုံးညီညွတ်မှုပို မိုခိုင်မာလာစေရန်နှင့် အမျိုးဘာသာသာသနာနှင့် စာပေယဉ်ကျေးမှုကို တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ (၇၃)နှစ်မြောက် ရဝမ်အမျိုးသားနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီတွင် မြို့နယ်ပြည်သူ့အားကစားကွင်း၌ မြို့နယ်လုံးကျွတ် ပါဝင်စုပေါင်း ကာပထမအကြိမ်အဖြစ် စည်းကားသိုက်မြိုက်စွာ ကျင်းပသည်။


အခမ်းအနားတွင် ပထမဦးစွာ သင်းအုပ်ဆရာ ဦး‌ခေါ်ဒုဒီး၏ ဦးဆောင်မှုဖြင့် အဖွင့်ဝတ်ပြု ဆုတောင်းခဲ့ကြပြီး မြို့နယ် စာပေနှင့်ရိုးရာယဉ်ကျေးမှုအသင်ဥက္ကဋ္ဌ ဦးဆန်နိုင်ဒီးရှင်းက (၇၃)နှစ် မြောက် ရဝမ်အမျိုးသားနေ့အတွက် မြန်မာနိုင်ငံစာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်းမှ ပေးပို့သည့် ရဝမ်သဝဏ်လွှာကို ဖတ်ကြားသည်။


ထို့နောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနမ်ရဲမင်က ရဝမ်အမျိုးသားနေ့အတွက် ဂုဏ်ပြုအမှာစကား ပြောကြားပြီး မြန်မာနိုင်ငံစာပေနှင့် ရိုးရာယဉ်ကျေးမှု အသင်းနာယက ဦးဖုန်ရိမင်က အမှာစကားပြောကြားကာ ဦးဆန်လုံဖုန်ဆားရ်က ရဝမ်အမျိုးသားနေ့ ဖြစ်ပေါ် လာပုံနှင့် ရဝမ်လူမျိုးများ၏ သမိုင်းကြောင်းကို ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ မြို့နယ်စာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်းကကြီးမှူး၍ ရိုးရာ အဆိုအကပြိုင်ပွဲများ၊ ဆို၊ က၊ ရေး၊ တီး ဖျော်ဖြေပွဲများနှင့် ရပ်ကွက်ကျေးရွာများမှ လူငယ်များက ရိုရားအက အလှများဖြင့် ကပြဖျော်ဖြေကြသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများက အောင်ပွဲခံ အဇီလမ်အက(ခေါ်) ရဝမ်ရိုးရာမနောအကကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ ကခဲ့ကြသည်။


ရဝမ်အမျိုးသားနေ့ကို ၂၀၁၆ခုနှစ်မှ စတင်ကျင်းပခဲ့ကြသော်လည်း နောင်မွန်းမြို့နယ်တွင် အမျိုးသားနေ့ အခမ်းအနားကို ယခုနှစ်တွင် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး ရဝမ်အမျိုးသား စာပေစတင်ခဲ့သောနေ့ကို ရဝမ်အမျိုးသာနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် စာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးဆန်နိုင်ဒီးရှင်းထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق