ဖျာပုံမြို့နယ် ကျုံကဒွန်းကျေးရွာ၌ ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖျာပုံမြို့နယ် ကျုံကဒွန်းကျေးရွာ၌ ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 

MNP - ဒီဇင်ဘာ ၁၁


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ဖျာပုံမြို့နယ်၊ ကျုံကဒွန်းကျေးရွာ အုပ်စုနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများနှင့်တွေ့ဆုံ၍ ကျေးရွာလုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က၊ ကျုံကဒွန်းကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဖျာပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဗိုလ်မှူးငွေမင်းထိုက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးဌေးနိုင်ဦးတို့က ကျေးရွာလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကိစ္စရပ်များ၊ ကျေးရွာအတွင်း နယ်မြေအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ရပ်မိရပ်ဖများ၊ ပြည်သူ့စစ်အဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အတူပူးပေါင်းဆောင်ရွက်ကြရန်၊ ရှင်းလင်းဆွေးနွေး ပြောကြားကြပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲလင်းဦးက ယခုကဲ့သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျန်းမာရေး၊ ပညာရေး၊ ဒေသလုံခြုံရေးကိစ္စရပ်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် မြို့နယ်လဝကမှ ပန်းခင်းစီမံချက်(၂)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းပြုလုပ်ပေးခြင်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားကြသည်။ ဆက်လက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့သက်ဆိုင်ရာဌာနအလိုက် ကျေးရွာနေပြည်သူများအား၊ ဝန်ဆောင်မှုအဖြစ် ဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးပြောကြားကြပြီး၊ တက်ရောက်လာကြသော ပြည်သူများက ကျေးရွာအလိုက်စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးစသည့်ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် အခက်အခဲများအား တင်ပြကြရာ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက ပြန်လည် ဆွေးနွေး ပြောကြားကြကြောင်း သိရသည်။


သတင်း - အောင်ဝင်းနိုင်


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)