MNP - ဒီဇင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပဒက်ကျေးရွာအုပ်စု ကျုံတုံးကျေးရွာတွင် အလှူရှင်တစ်ဦးလှူဒါန်းမှုဖြင့် သိန်း(၇၂၀)ကျပ်တန်ဖိုးရှိ ကျေးရွာဆက်သွယ်ရေး လမ်းမကြီးဖွင့်လှစ်ပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် လမ်းဖွင့်ပွဲပြုလုပ်၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လမ်းဖွင့်ပွဲတွင် အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လမ်းအလှူရှင် ဦးထွန်းဝင်းက လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားခဲ့သည်။ ဆက်လက်ပြီး မင်္ဂလာအချိန်ကျရောက်သည့်အခါ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးနှင့် လမ်းအလှူရှင်ဦးထွန်းဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြ၍ ဆောင်ရွက်ပြီးစီးသည့် လမ်းအားလှည့်လည် ကြည့်ရှုခဲ့ကြသည်။
ပဒက်ကျေးရွာအုပ်စုရှိ ကျုံတုံးကျေးရွာဆက်သွယ်ရေးလမ်းမကြီးတွင် အလှူရှင်ဦးထွန်းဝင်းက လမ်းအရှည်(၅၅၀၀)ပေ၊ လမ်းအကျယ် (၁၈)ပေ၊ ကျောက်သားထု (၁)ပေခွဲရှိ ဂဝံမြေနီလမ်းဖြစ်ကာ စုစုပေါင်းကုန်ကြငွေ သိန်း (၇၂၀)ကျပ် အကုန်ကျခံ၍ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး လမ်းကြီးပြီးစီးသွာခြင်းကြောင့် ကျေးရွာနေပြည်သူများ လူမှုရေး၊ စီပွားရေး၊ ပညာရေး၊ ကျန်းမာရေးတို့ ဖွံဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ချစ်သက်လယ်
မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:
إرسال تعليق