ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ

 




MNP - ဒီဇင်ဘာ ၈


ဒေသတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းတည်ငြိမ်ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုး ပြုလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။


ထိုသို့တွေ့ဆုံရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်က ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများသည် အစိုးရ ၏လုပ်ငန်းတာဝန်များကို မြေပြင်အမှန်တကယ်အကောင်အထည်ဖော်ရသူများ ဖြစ်၍ အခြေခံကျပြီး လုပ်ငန်းတာဝန်များကို ကျေပွန်ရန်လိုကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့်အညီ မကြာမီကာလအတွင်း ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပတော့မည်ဖြစ်၍ မဲစာရင်းမှန်ကန်ရေး၊ မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ရေး၊ လူဦးရေစာရင်းမှန်ကန်ရေးအတွက် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးမှူး များကိုယ်တိုင်ဦးစီးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သည့်အတွက် ဒေသတွင်း ပျော်ပွဲရွှင်ပွဲများကျင်းပရာတွင် တရားဥပဒေနှင့်မလွတ်ကင်းသည့်ကိစ္စရပ်များပါဝင်ခြင်းမရှိစေရန် စိစစ်ကြပ်မတ်စေလိုပြီး ဥပဒေကိုကျော်လွန်ဆောင်ရွက်ပါက အရေးယူသွားမည်ဖြစ်ကြောင်း၊ ဆန်စပါး၊ ပဲတီစိမ်း၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံ၊ အသား၊ ငါး၊ ဥ အစရှိသည့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာကဏ္ဍများတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက်မတည်ရန်ပုံငွေများရယူ၍ အမှန်တကယ်လုပ်ကိုင်ခြင်း ရှိ/မရှိ စိစစ် ကြပ်မတ်ပေးကြစေလို ကြောင်း၊ ပြည်နယ်၏မြို့တော် ဘားအံမြို့အား Green City , Clean City  ဖြစ်စေရေး၊ ခရီးသွားမြို့တော်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး  ခရီးသွား ကျေးရွာများကိုလည်း ဖော်ထုတ်အကောင်အထည်ဖော်သွားမည်ဖြစ်ရာ ဆောင်ရွက်လိုသည့် ကျေးရွာများ တင်ပြနိုင်ပြီး လိုအပ်သည်များပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ဘားအံခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်လွင်က ဒေသတွင်းတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယခင်အပတ် အစည်းအဝေးဆုံး ဖြတ်ချက်များအပေါ် အကောင်အထည်ဖော် လိုက်နာ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန် မှာကြားသည်။


ယင်းနောက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက မိမိတို့သက်ဆိုင်ရာ ကျေးရွာများအလိုက် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျေးလက်မီးလင်းရေး အစရှိသည့် ဒေသဖွံ့ဖြိုး ရေးဆိုင်ရာ လိုလားချက်၊ လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။


တွေ့ဆုံပွဲအပြီးတွင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိ သူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များက ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ဝတ်စုံများအား အမှတ်တရပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)