မောင်တောမြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ခရိုင်အဆင့် လုပ်ငန်းညှိနိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ခရိုင်အဆင့် လုပ်ငန်းညှိနိုင်းအစည်းအဝေးပြုလုပ်


MNP ၊ ဒီဇင်ဘာ   ၈

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင်၊ မောင်တောမြို့၌  ၂၀၂၂ ခုနှစ် ၊ဒီဇင်ဘာ (၁၅)ရက်နေတွင် ကျရောက်မည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ခရိုင်အဆင့် လုပ်ငန်း ညှိနိုင်း အစည်းအဝေးကို ယနေ့နေ့လယ် ၁ နာရီအချိန်  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။ 


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦနေဦးက ၂၀၂၂ ခုနှစ် ၊ဒီဇင်ဘာ (၁၅)ရက်နေတွင် ကျရောက်မည့် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ရမည့် ကိစ္စရပ်များ ၊ ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများ နှင့် စတုဒီသာကျွေးမွေးနိုင်ရေးအတွက် တက်ရောက် လာ သူများက  ဆွေးနွေး ပေး ကြစေ လိုကြောင်း ၊ ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အကြို  လူထုလမ်းလျှောက်ပွဲဆင်နွဲနိုင်ရေး စီစဉ်ဆောင်ရွက်ကြရန်  စသည့် တို့ကို ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်း အောင်က (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံး နှင့် ပန်းချီ ပြိုင်ပွဲ များ ကျင်းပခဲ့သည့် အခြေအနေများ နှင့် အခမ်းအနား ကျင်းပနိုင်ရေး အတွက် ဆောင်ရွက်ထားသည့် အစီအမံများအား ရှင်းလင်းပြောကြားပြီး မြို့နယ် စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမောင်အေးသိန်းက   သီရိမင်္ဂလာခန်းမ၌ အခမ်းအနား ပြင်ဆင် ဆောင်ရွက်မည့် အစီ အစဉ်များ အား ဆွေးနွေး တင်ပြခဲ့သည်။ 


ယင်းနောက် တက်ရောက်လာကြသော ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ ဝင်များ ၊ ဌာနဆိုင်ရာ များ တာ ဝန်ရှိသူများက  လုပ် ဆောင်မည့် လုပ်ငန်း တာဝန် များအား အသီးသီး ဆွေးနွေး တင် ပြကြရာ  တင် ပြချက် များ အပေါ်  ခရိုင် စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


သက်လွင်စိုး၊ အောင်ကျော်စိန်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)