Pages

Pages

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ


MNP ၊ ဒီဇင်ဘာ ၄

ပြည်သူကို ဥပဒေဝန်ဆောင်မှုပေးနိုင်ရေးနှင့် ဥပဒေနှင့်အညီ မှန်ကန်စွာ အလုပ်အကျွေးပြုနိုင်ရေးအတွက် ခရိုင်အသစ်များဖွဲ့စည်းပြီး အလုပ်များအောင်မြင်ပြီးမြောက်စွာ ဆောင်ရွက်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးနှင့် တာဝန်ရှိသူများသည် ယနေ့တွင် မန္တလေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ ဥပဒေရေးရာဝန်ကြီးဌာန၏ လက်ရှိနှင့်မျှော်မှန်းလုပ်ဆောင်ချက်များ၊ ဥပဒေနှင့်အညီ ဥပဒေအကြံဉာဏ်များပေးခြင်း၊ အမှုများလိုက်ပါဆောင်ရွက်ခြင်း၊ လာဘ်ပေး လာဘ်ယူကိစ္စများကင်းရှင်းရေး၊ ရုံးစာများ၊ Zoom အစည်းအဝေးများ လုံခြုံစွာဆောင်ရွက်ရေး၊ Online ဆိုင်ရာကိစ္စများကို ရှင်းလင်းပြောကြားပြီး လုပ်ငန်းဆိုင်ရာမှာကြားသည်။

တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်နှင့် ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မန္တလေးတိုင်းဒေသကြီး ဥပဒေအရာရှိ ဦးအေးသိန်း၊ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိများ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်ဥပဒေအရာရှိများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးသည် မန္တလေးတိုင်းဒေသကြီးအတွင်း အသစ်တိုးချဲ့ဖွဲ့စည်းသည့် မဟာအောင်မြေခရိုင်ဥပဒေရုံး၊ အောင်မြေသာစံခရိုင်ဥပဒေရုံးနှင့် အမရပူရခရိုင် ဥပဒေရုံးများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق